ဘူးစကွက်စ်မှာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်အဖျက်ကစားသမား ဖြစ်သည်ဟု ကက်စမဲရိုး ချီးကျူး

ဘူးစကွက်စ်မှာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်အဖျက်ကစားသမား ဖြစ်သည်ဟု ကက်စမဲရိုး ချီးကျူး
Published 1 July 2018

Photo: Bola

ဘရာဇီးလ်ကွင်းလယ်လူ ကက်စမဲရိုးက ဘာစီလိုနာအသင်းမှ စပိန်လက်ရွေးစင် ဘူးစကွက်စ်မှာ ကမ္ဘာ့အကောင်းဆုံးကွင်းလယ်အဖျက်ကစားသမား ဖြစ်သည်ဟု  ချီးကျူးပြောကြားခဲ့ကြောင်း သိရသည်။

ကက်စမဲရိုးနှင့် ဘူးစကွက်စ်တို့မှာ မဟာပြိုင်ဘက်များဖြစ်သည့် ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာအသင်းတို့တွင် ကစားနေသူများဖြစ်သော်လည်း ကက်စမဲရိုးက ယခုကဲ့သို့ ချီးကျူးပြောဆိုခဲ့ခြင်း ဖြစ်သည်။

ကက်စမဲရိုးက "ကျွန်တော့်လို ကွင်းလယ်အဖျက်နေရာမှာ ကစားတဲ့ ကစားသမားတွေထဲမှာ ကျွန်တော် စိတ်ကြိုက်တွေ့တဲ့ ကစားသမား များများစားစား မရှိပါဘူး။ ဒါပေမဲ့ အကြိုက်ဆုံးကွင်းလယ်အဖျက်ကစားသမားကို ရွေးပါဆိုရင်တော့ ဘူးစကွက်စ်ကိုပဲ ကျွန်တော် ရွေးမှာပါ။ သူ(ဘူးစကွက်စ်)ဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်အဖျက်ကစားသမားပါ။သူ့ကို ကျွန်တော် လေးစားမှုအပြည့်ရှိပါတယ်။ သူက တော်တော်စွမ်းရည်မြင့်တဲ့ ကစားသမားပါ။ ကွန်တေနဲ့ ပေါ့ဘာတို့က တကယ်ကောင်းတဲ့ ကစားသမားတွေ ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။

ထို့ပြင် ကက်စမဲရိုးက ၎င်းတို့၏ အသင်းဖော်တိုက်စစ်မှူး နေမာသည် ဖိအားများစွာရှိနေသော်လည်း အကောင်းဆုံးဖြေရှင်းနိုင်စွမ်း ရှိသူဖြစ်ပြီး အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနိုင်ရန် အစွမ်းကုန်ကြိုးစားနေကြောင်း ဆက်လက်ပြောကြားခဲ့သည်။

Most Read

Most Recent