ကမ္ဘာ့ဖလား အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရသည့်အတွက် ဂျာမနီအသင်းသားများ စိတ်ပျက်နေဟု ဂွန်ဒိုဂန် ပြောကြား

ကမ္ဘာ့ဖလား အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရသည့်အတွက် ဂျာမနီအသင်းသားများ စိတ်ပျက်နေဟု ဂွန်ဒိုဂန် ပြောကြား
Published 1 July 2018

Photo: beIN Sports

ဂျာမနီအသင်းကွင်းလယ်လူ ဂွန်ဒိုဂန်က ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရသည့်အတွက် ဂျာမနီအသင်းသားများမှ လွန်စွာစိတ်ပျက်နေကြောင်း ပြောကြားခဲ့သည်။

ဂျာမနီအသင်းသည် အုပ်စု(F)တွင် ဆွီဒင်အသင်းကို အနိုင်ရခဲ့သော်လည်း မက္ကဆီကိုနှင့် တောင်ကိုရီးယားအသင်းတို့အား ရှုံးနိမ့်ခဲ့ပြီး ၁၉၃၈ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရသည်။

ဂျာမနီလက်ရွေးစင် ဂွန်ဒိုဂန်သည် ဂျာမနီအသင်း ကမ္ဘာ့ဖလားအုပ်စုအဆင့်မှ ထွက်ခွာရပြီး (၃)ရက်အကြာတွင် Twitter မှတစ်ဆင့် ပရိသတ်များကို ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဂွန်ဒိုဂန်က "ကျွန်တော်တို့(ဂျာမနီအသင်းသားများ)အားလုံး အခုထိ စိတ်ပျက်နေတုန်းပါပဲ။ ကျွန်တော်တို့မှာ စီစဉ်ထားတာတွေ ရှိခဲ့ပေမယ့် ကျွန်တော်တို့ ကျဆုံးခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီအသင်းအတွက် ပထမဆုံးအကြိမ် ပါဝင်ကစားခွင့်ရခဲ့တဲ့အတွက် ကျွန်တော် ဂုဏ်ယူမိပါတယ်။ ဒါပေမဲ့ အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရတဲ့ ဒေါသထွက်ရပါတယ်။ အားလပ်ရက်တွေ ပြီးသွားရင် ပြိုင်ပွဲကြီးတွေမှာ ဗိုလ်စွဲနိုင်ဖို့ ကျွန်တော်တို့ ပြန်လည် ကြိုးစားသွားမှာပါ။ အဲဒီအတွက် ကျွန်တော်တို့အားလုံး စိတ်အားထက်သန်နေကြပါတယ်"ဟု ၎င်း၏ Twitter စာမျက်နှာတွင် ရေးတင်ခဲ့သည်။

ဂွန်ဒိုဂန်နှင့် အိုဇေးလ်တို့သည် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ တူရကီသမ္မတနှင့် တွေ့ဆုံခဲ့ခြင်းကြောင့် ဂျာမနီအသင်းပရိသတ်များ၏ လှောင်ပြောင်မှုကို ခံခဲ့ရပြီး ဂျာမနီအသင်း ကျဆုံးခဲ့ခြင်းမှာ ၎င်းတို့၏ ပြဿနာများလည်း ပါဝင်သည်ဟု မီဒီယာများက ဖော်ပြခဲ့ကြသည်။

Most Read

Most Recent