သွင်းဂိုးအားလုံး၏ ထက်ဝက်နီးပါးကို ပရီးမီးယားလိဂ်နှင့် လာလီဂါကစားသမားများ သွင်းယူထား

သွင်းဂိုးအားလုံး၏ ထက်ဝက်နီးပါးကို ပရီးမီးယားလိဂ်နှင့် လာလီဂါကစားသမားများ သွင်းယူထား
Published 30 June 2018

Photos: AFP

ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ် ၄၈ ပွဲ စလုံး ပြီးဆုံးသွားပြီဖြစ်ပြီး သွင်းဂိုးအားလုံး၏ ထက်ဝက်နီးပါးကို ပရီးမီးယားလိဂ်နှင့် လာလီ ဂါကစားသမားများက သွင်းယူထားကြောင်း သိရသည်။

အုပ်စုပွဲစဉ်များအပြီးတွင် သွင်းဂိုးစုစု ပေါင်း ၁၂၂ ဂိုးရှိပြီး တစ်ပွဲပျမ်းမျှသွင်းဂိုး ၂ ဒသမ ၅ ဂိုးရှိကာ ကစားသမား ၈၅ ဦးက သွင်း ယူထားသည်။ ယင်းဂိုးများအနက် ပရီးမီးယား လိဂ်ကစားသမားများက ၃၁ ဂိုးနှင့် လာလီဂါ ကစားသမားများက ၂၉ ဂိုး သွင်းယူထားရာ သွင်းဂိုးစုစုပေါင်း၏ ထက်ဝက်နီးပါးကို ၎င်းတို့က သွင်းယူထားခြင်းဖြစ်သည်။

သွင်းဂိုး အများဆုံး ထိပ်ဆုံးစာရင်းတွင် အင်္ဂလန်တိုက် စစ်မှူး ဟာရီကိန်း (စပါး) က ငါးဂိုးဖြင့် ဦး ဆောင်နေပြီး ဘယ်လ်ဂျီယံတိုက်စစ်မှူး လူ ကာကူ (မန်ယူ) နှင့် ပေါ်တူဂီအသင်းတိုက်စစ် မှူး စီရော်နယ်လ်ဒို (ရီးယဲလ်) က လေးဂိုးစီ၊ ရုရှားအသင်းကွင်းလယ်လူ ချီရီရှက်ဗ် (ဗီလာ ရီးယဲလ်) နှင့် စပိန်အသင်းတိုက်စစ်မှူး ဒီယေ ဂိုကော်စတာ (အက်သလက်တီကို) က သုံးဂိုး စီ သွင်းယူထားကာ နှစ်ဂိုးသွင်းယူထားသူများ တွင်လည်း ခါဇာရီ (ရန်းစ်)၊ ဟာဇက် (ချယ်လ် ဆီး)၊ ကော်တင်ဟို၊ မီနာ (ဘာစီလိုနာ)၊ ဆာ လာ (လီဗာပူးလ်)၊ ဂျွန်စတုန်းစ် (မန်စီးတီး)၊ မိုဒရစ် (ရီးယဲလ်)၊ ဆွန်ဟောင်မင် (စပါး) စသည့် ကစားသမားများပါဝင်နေသည်။

ပရီး မီးယားလိဂ်နှင့် လာလီဂါကစားသမားများ၏ နောက်တွင် လီဂူးကစားသမားများက ကိုးဂိုး၊ ဘွန်ဒစ်လီဂါကစားသမားများက ရှစ်ဂိုးနှင့် စီးရီးအေကစားသမားများက ခုနစ်ဂိုးစီသွင်း ယူထားကြောင်း သိရသည်။

အုပ်စုပွဲစဉ်များတွင် Own Goal ကိုးဂိုးရှိပြီး ဂိုးမရှိသရေရလဒ် တစ်ပွဲသာရှိကြောင်းလည်း သိရသည်။

Most Read

Most Recent