မိခင်အား စော်ကားပြောဆိုမှုကြောင့် အီရန်တိုက်စစ်မှူး အနားယူ

မိခင်အား စော်ကားပြောဆိုမှုကြောင့် အီရန်တိုက်စစ်မှူး အနားယူ
Published 30 June 2018

Photo:AFP

''အီရန်မက်ဆီ''ဟု သတ်မှတ်ခံထားရ သည့် အီရန်အသင်းတိုက်စစ်မှူး ဆာဒါးအက် ဇမွန်သည် နာမကျန်းဖြစ်နေသည့် မိခင်ဖြစ် သူအား စော်ကားပြောဆိုဝေဖန်မှုများကြောင့် လက်ရွေးစင်အဖြစ်မှ အနားယူရန်ဆုံးဖြတ် လိုက်ပြီဖြစ်ကြောင်း သိရသည်။

အသက် ၂၃ နှစ်သာရှိသေးသည့် အက် ဇမွန်သည် ကမ္ဘာ့ဖလားခြေစစ်ပွဲကာလတွင် ၁၄ ပွဲကစား ၁၁ ဂိုး သွင်းယူကာ အီရန်အသင်း အတွက် ဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း အုပ်စုပွဲစဉ်သုံးပွဲစလုံး ပွဲချိန်ပြည့်ပါဝင်ကစား ခွင့်ရခဲ့သည်။

သို့သော် ၎င်းသည် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ခြေစွမ်းမပြနိုင်သည့်အပြင် တစ် ဂိုးမျှ သွင်းယူနိုင်ခြင်းမရှိသောကြောင့် ပေါ်တူ ဂီအသင်းနှင့် အုပ်စုနောက်ဆုံးပွဲတွင်လည်း ပွဲထွက်စာရင်းမှချန်လှပ်ရန် လူမှုကွန်ရက်မီဒီ ယာများမှတစ်ဆင့် တောင်းဆိုမှုများရှိခဲ့သည်။

ထို့ပြင် ကျန်းမာရေး ကောင်းမွန်ခြင်းမရှိသည့် ၎င်းင်း၏မိခင်ကိုပါ စော်ကားပြောဆိုမှုပြုလုပ် လျက်ရှိသောကြောင့် အက်ဇမွန်က ''ကျွန် တော် ရွေးချယ်မှုတစ်ခုလုပ်လိုက်ပါပြီ။ ကျွန် တော့်အမေကိုပဲ ရွေးလိုက်ပါတယ်။ ဒါက ကျွန်တော့်ဘဝမှာ အနာကျင်ရဆုံး ဆုံးဖြတ် ချက်ပါပဲ''ဟု ဇွန် ၂၉ ရက်တွင် Instagram မှတစ်ဆင့် တုံ့ပြန်ပြောကြားသည်။

Most Read

Most Recent