အာဖရိကအသင်းတစ်သင်းမျှ ရှုံးထွက်အဆင့်မတက်နိုင်ခြင်းမှာ ၁၉၈၂ ခုနှစ်နောက်ပိုင်း ပထမဆုံးဖြစ်

အာဖရိကအသင်းတစ်သင်းမျှ ရှုံးထွက်အဆင့်မတက်နိုင်ခြင်းမှာ ၁၉၈၂ ခုနှစ်နောက်ပိုင်း ပထမဆုံးဖြစ်
Published 30 June 2018

Photos:AFP

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အာဖရိက ဇုန်မှ ငါးသင်း ပါဝင်ယှဉ်ပြိုင်ခွင့်ရသော်လည်း တစ်သင်းမျှ အုပ်စုအဆင့်ကျော်လွန်နိုင်ခြင်း မရှိဘဲ ထွက်ခဲ့ရပြီး ယင်းကဲ့သို့ တစ်သင်းမျှ ရှုံးထွက်အဆင့် မတက်ရောက်နိုင်ခြင်းမှာ ၁၉၈၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ် ကြောင်း သိရသည်။

ယခုနှစ်ပြိုင်ပွဲတွင် အာဖရိကဇုန်မှ အီဂျစ်၊ မော်ရိုကို၊ နိုင်ဂျီးရီးယား၊ ဆီနီဂေါ၊ တူနီးရှား စသည့် ငါးသင်းပါဝင်ယှဉ်ပြိုင်ခွင့်ရပြီး အုပ်စု (A) တွင်ပါဝင်သည့် အီဂျစ်အသင်းသည် ဥရုဂွေး၊ အိမ်ရှင်ရုရှားနှင့် ဆော်ဒီအာရေဗျတို့ ကို သုံးပွဲစလုံးရှုံးနိမ့်ကာ အောက်ဆုံးနေရာ သာ ရပ်တည်နိုင်ခဲ့သည်။

ထို့ပြင် အုပ်စု (B) တွင်ပါဝင်သည့် မော်ရိုကိုအသင်းသည် စပိန် တစ်သင်းတည်းနှင့်သရေကျပြီး အီရန်နှင့် ပေါ်တူဂီအသင်းကို ရှုံးနိမ့်ကာ တစ်မှတ်ဖြင့် အဆင့်(၄)၊ အုပ်စု (D) တွင်ပါဝင်သည့် နိုင်ဂျီးရီးယားအသင်းသည် အိုက်စလန်ကို အနိုင်ရ သော်လည်း ခရိုအေးရှားနှင့် အာဂျင်တီးနား အသင်းကိုရှုံးနိမ့်ကာ သုံးမှတ်ဖြင့် အဆင့်(၃)၊ အုပ်စု (G) တွင်ပါဝင်သည့် တူနီးရှားအသင်း သည် ပနားမားကိုသာအနိုင်ရပြီး အင်္ဂလန်နှင့် ဘယ်လ်ဂျီယံအသင်းကို ရှုံးနိမ့်ကာ သုံးမှတ် ဖြင့် အဆင့် (၃)၊ အုပ်စု (H) တွင်ပါဝင်သည့် ဆီနီဂေါအသင်းသည် ပိုလန်ကိုအနိုင်၊ ဂျပန် နှင့်သရေ၊ ကိုလံဘီယာအသင်းကို ရှုံးနိမ့်ပြီး ဂျပန်အသင်းနှင့် ရမှတ်၊ ဂိုးကွားခြားချက်၊ သွင်းဂိုးတူညီသော်လည်း Fair Play ရမှတ် အရ အဆင့် (၃) နေရာဖြင့် ထွက်ခဲ့ရသည်။

Most Read

Most Recent