ပေါ့ဘာအားခေါ်ယူရန် အီတလီကွင်းလယ်လူ ဗာရက်တီကို အလိုက်ပေး၍ မန်ယူအသင်းထံ PSG အသင်း ကမ်းလှမ်းခဲ့

ပေါ့ဘာအားခေါ်ယူရန် အီတလီကွင်းလယ်လူ ဗာရက်တီကို အလိုက်ပေး၍ မန်ယူအသင်းထံ PSG အသင်း ကမ်းလှမ်းခဲ့
Published 28 June 2018

 

Photos: Daily Star

ပြင်သစ်ကလပ် PSG အသင်းသည် မန်ယူအသင်း၏ ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူ ပေါ့ဘာအားခေါ်ယူရန် ၎င်းတို့၏ အီတလီကွင်းလယ်လူ ဗာရက်တီကို အလိုက်ပေး၍ ကမ်းလှမ်းခဲ့ကြောင်း သိရှိရသည်။ ဗာရက်တီ နှင့်အတူ ပေါ့ဘာအတွက်ပြောင်းရွှေ့ကြေးတစ်စုံတစ်ရာ ပေးသွားမည်ဖြစ်ပြီး မန်ယူအသင်းကမူ ယင်းကမ်းလှမ်းမှုအပေါ် တုံ့ပြန်မှုတစ်စုံတစ်ရာမပြုလုပ်သေးကြောင်း သိရသည်။

ပေါ့ဘာသည် ပြီးခဲ့သည့်ဘောလုံးရာသီက မန်ယူအသင်းတွင် အသင်းနည်းပြ မော်ရင်ဟိုနှင့် ဆက်ဆံရေး မပြေမလည်ဖြစ်ခဲ့ပြီး အသင်းတွင် အနာဂတ်လှုပ်ခတ်ခဲ့သူဖြစ်သည်။ ပေါ့ဘာက ပြင်သစ်အသင်းနှင့်အတူ ကမ္ဘာ့ လားပြိုင်ပွဲကျင်းပရာ ရုရှားနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ပြီးခဲ့သည့်ရာသီက သူနှင့် မော်ရင်ဟိုအကြား ဆက်ဆံရေးမပြေလည်ခဲ့သည်မှာ မှန်ကန်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

သို့သော် လက်ရှိအချိန်တွင် သူ၏အနာဂတ်နှင့်ပတ်သက်၍ မစဉ်းစားသေးကြောင်းလည်း ပေါ့ဘာက ပြောကြားခဲ့သည်။

အီတလီကွင်းလယ်လူ ဗာရက်တီမှာ မန်ယူအသင်းနည်းပြ မော်ရင်ဟို အလိုရှိသည့် ကစားသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့်အပြောင်းအရွှေ့ရာသီများက ၎င်းအားခေါ် ယူရန် ပစ်မှတ်ထားခဲ့ဖူးသည်။ သို့ဖြစ်ရာ PSG အသင်း တာဝန်ရှိသူများသည် မော်ရင်ဟိုအလိုရှိနေသည့် ဗာရက်တီကို အလိုက်ပေးရန် စီစဉ်နေခြင်းလည်းဖြစ်သည်။

ဗာ ရက်တီသည် ၂၀၁၂ ခုနှစ်တွင် အီတလီကလပ် ပတ်စ်ကာရာအသင်းမှ PSG အသင်းသို့ ရောက်ရှိလာသူဖြစ်ပြီး အသင်းတွင် (၆)ရာသီအတွင်း ပြိုင်ပွဲစုံ(၂၃၉)ပွဲကစားကာ (၈)ဂိုးသွင်းယူပေးထားသည်။

Most Read

Most Recent