နေမာ လဲကျတိုင်း အခမဲ့တိုက်မည်ဟု ဘရာဇီးလ်ဘားတစ်ခု ကြေညာ

နေမာ လဲကျတိုင်း အခမဲ့တိုက်မည်ဟု ဘရာဇီးလ်ဘားတစ်ခု ကြေညာ
Published 27 June 2018

 

Photos: sportbible

ဆားဘီးယားနှင့်ကစားမည့် အုပ်စုနောက်ဆုံးပွဲစဉ်တွင် ဘရာဇီးလ်အသင်းတိုက်စစ်မှူး နေမာ ကွင်းထဲတွင် လဲကျသည့်အကြိမ်တိုင်း အရက်၊ ဘီယာ အခမဲ့ တိုက်မည်ဟု ရီယိုမြို့တောင်ပိုင်းရှိ ဘားတစ်ခုက အံ့အားသင့်ဖွယ်ကြေညာခဲ့သည်။

Sir Walter Pub ဟု အမည်ရသည့် ယင်းဘား၏ Facebook စာမျက်နှာတွင် တရားဝင်ကြေညာထားခြင်းဖြစ်သည်။

နေမာသည် အုပ်စုအဖွင့်ပွဲနှစ်ပွဲတွင် မျှော်လင့်ထားသလောက် ခြေစွမ်းမပြနိုင်ခဲ့သောကြောင့် ပရိသတ်များအတွက် စိတ်ပျက်စရာဖြစ်ခဲ့ပြီး သူ၏ကွင်းအတွင်းလဲကျမှုများကလည်း အွန်လိုင်းတွင် ပြက်ရယ်ပြုစရာဖြစ်ခဲ့သည်။ အဆိုးရွားဆုံးမှာ ကော်စတာရီကာနှင့်ပွဲတွင် ပြိုင်ဘက်အသင်းဂိုးဧရိယာအတွင်း ပယ်နယ်တီရရှိစေရန် လှဲချခဲ့မှုကို အဓိကထားလှောင်ပြောင်ခဲ့ကြသည်။

Most Read

Most Recent