အင်္ဂလန်နှင့်ပွဲတွင် ကစားသမား ၁၀ ဦးအထိ ဘယ်လ်ဂျီယံ အပြောင်းအလဲလုပ်ဖွယ်ရှိနေ

အင်္ဂလန်နှင့်ပွဲတွင် ကစားသမား ၁၀ ဦးအထိ ဘယ်လ်ဂျီယံ အပြောင်းအလဲလုပ်ဖွယ်ရှိနေ
Published 27 June 2018

 

Photo: AFP

အုပ်စု (G) ပထမနေရာအတွက် အဆုံးအဖြတ်ဖြစ်သည့် အင်္ဂလန်အသင်းနှင့်ကစားမည့်ပွဲတွင် ဘယ်လ်ဂျီယံအသင်းနည်းပြ ရောဘတ်တိုမာတီနက်ဇ်က ကစားသမား (၁၀) ဦး အထိ အပြောင်းအလဲပြုလုပ်သွားဖွယ်ရှိနေ ကြောင်း ပြောကြားခဲ့သည်။ မာတီနက်ဇ်မှာ ဂိုးသမားမှအပ Outfield Players ကို အပြောင်းအလဲလုပ်ရန် ဆန္ဒရှိနေခြင်းဖြစ်သည်။

ကစားသမား (၁၀) ဦးအထိ ပြောင်းလဲနိုင်သလားဆိုသည့် မေးမြန်းမှုကို မာတီနက်ဇ်က " ဒါဟာ ဖြစ်နိုင်ပါတယ်။ လူတိုင်းလူတိုင်း ကမ္ဘာ့ဖလားမှာ ကစားသင့်တယ်လို့ ကျွန်တော် ယူဆပါတယ်။ ကွင်းထဲမှာ ဘယ်လိုကစားမလဲ၊ အသင်းအပေါ် ဘယ်လောက်အထိ အထောက်အပံ့ပေးနိုင်မလဲစတာတွေက ကျွန်တော့်အတွက် ပိုအရေးကြီးပါတယ်။ ကစားသမားတွေရဲ့ ပွဲပယ်ခံရနိုင်မှု၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအခြေအနေတွေကို အဓိကထားကြည့်ပါတယ်။ အဝါကတ်ထိထားတဲ့ ဘယ်ကစားသမားကိုမဆို အင်္ဂလန်နဲ့ပွဲမှာ လောင်းကစားဆန်ဆန် အရဲစွန့်အသုံးမပြုသင့်ဘူးလို့ ကျွန်တော် ထင်မြင်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘယ် ကစားသမားကိုမှ ရှုံးထွက်အဆင့်နဲ့ လွဲချော်တာကို ကျွန်တော် မလိုလားပါဘူး" ဟု ပြောကြားခဲ့သည်။

ယင်းအတွက်ကြောင့် တစ်ဝါထိ ထားသည့် ဒီဘရိုင်းနား၊ ဗာတွန်ဂန်၊ မြူနီယာ တို့ကို အင်္ဂလန်နှင့်ပွဲတွင် အနားပေးရန် သေချာနေပြီး လူကာကူမှာလည်း ဒဏ်ရာပြဿနာ ရှိနေသောကြောင့် ပါဝင်ကစားနိုင်မည်မဟုတ် ကြောင်း သိရသည်။ ဘယ်လ်ဂျီယံအသင်းသည် အုပ်စုတွင်းတွင် အင်္ဂလန်အသင်းနှင့် ရမှတ်တူ၊ ဂိုးကွားခြားချက်တူ၊ သွင်းဂိုးတူနေ သော်လည်း Fair Play Standing အရ ဒုတိယ နေရာတွင် ရှိနေသည်။

Most Read

Most Recent