အောက်တန်းလိဂ်ကိုသာ အင်္ဂလန်လက်ရွေးစင်အသင်း အဓိကအားထားနေရ

အောက်တန်းလိဂ်ကိုသာ အင်္ဂလန်လက်ရွေးစင်အသင်း အဓိကအားထားနေရ
Published 27 June 2018

 

Photo: AFP

အင်္ဂလန်လက်ရွေးစင်အသင်းသည် အောက်တန်းလိဂ် (Football League) ရှိ ကလပ်အသင်းအကယ်ဒမီများကိုသာ အဓိက အားထားနေရသည်ဟု ဗြိတိန်သတင်းစာ Daily Mail က အချက်အလက်နှင့်တကွ ဖော်ပြခဲ့သည်။

ပနားမားနှင့်ကစားခဲ့သည့် အင်္ဂလန်ကစားသမား ၁၄ ဦး (လူစားဝင် သုံးဦးပါဝင်)တွင် ပရီးမီးယားလိဂ်ကလပ်အကယ်ဒမီထွက်(၄) ဦးသာပါဝင်ပြီး လက်ရှိ Football League တွင်ရှိသည့် ကလပ်အကယ်ဒမီများမှ ကစားသမား (၁၀) ဦးအထိ ပါဝင်ခဲ့ခြင်းလည်း ဖြစ်သည်။

ကျန်ကစားသမား (၉) ဦးတွင်လည်း ပရီးမီးယားလိဂ်ကလပ်အကယ်ဒမီထွက် မဟုတ်သည့် ကစားသမား (၅)ဦးအထိရှိနေပြီး ၎င်းတို့မှာ နစ်ပုပ်(အစ်ဝစ်ချ်)၊ ဘတ်လန်း(ဘာမင်ဂမ်)၊ အယ်လီ (MK ဒွန်းစ်)၊ ဖီးလ်ဂျုံးစ် (ဘလက်ဘန်း) နှင့် ဒိုင်ယာ (စပို့တင်းလစ္စဘွန်း) အသင်းတို့ဖြစ်ကြသည်။ သို့သော် ယခုစာရင်းတွင်ပါဝင်သည့် ဟန်ဒါဆန်၊ ဖီးလ်ဂျုံးစ်၊ နစ်ပုပ်စသည့်ကစားသမားများမှာ ပရိုဘဝစတင်ချိန်တွင် မိခင်ကလပ်အသင်းများမှာ ပရီးမီးယားလိဂ်၌ ယှဉ်ပြိုင်နေခြင်းဖြစ် ကြောင်း သိရသည်။

ပနားမားနှင့်ပွဲတွင်ကစားခဲ့သည့် အင်္ဂလန်ကစားသမား ၁၄ ဦး၏ အကယ်ဒမီကလပ်များ

အမည်                                အကယ်ဒမီကလပ်
ပစ်ဖို့ဒ်                                 ဆန်းဒါးလန်း
ဝေါ်လ်ကာ                        ရှက်ဖီးယူနိုက်တက်
စတုန်းစ်                               ဘန်စလေ
မစ်ဂွိုင်းရား                     ရှက်ဖီးယူနိုက်တက်
အက်ရှ်လေယန်း                      ဝက်ဖို့ဒ်
ဟန်ဒါဆန်                          ဆန်းဒါးလန်း
လင်ဂတ်                                မန်ယူ
လော့ဖ်တပ်ချိခ်                  ချယ်လ်ဆီး
ထရစ်ပီယာ                         မန်စီးတီး
စတာလင်                               QPR
ဟာရီကိန်း                             စပါး
ဒဲ့လ်ဖ်                                   လိဒ်စ်
ဒန်နီရို့စ်                                လိဒ်စ်
ဗာဒီ                              ရှက်ဖီးဝင်းစ်ဒေး

Most Read

Most Recent