ကမ္ဘာ့ဖလားပြိုင်ပွဲအုပ်စုအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ကမ္ဘာ့ဖလားပြိုင်ပွဲအုပ်စုအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 27 June 2018

Photo: AFP

 

တောင်ကိုရီးယား နှင့် ဂျာမနီ
(မြန်မာစံတော်ချိန် ဗုဒ္ခ္ဓဟူးည ၈း၃၀ နာရီ)

ဂျာမနီက (၁)ပွဲရှုံး၊ (၁)ပွဲနိုင်ထားပြီး ဒီပွဲကမဖြစ်မနေအနိုင်ကစားဖို့လိုတယ်။ ဂိုးပြတ်သွင်းဖို့လည်း လိုတယ်။ တောင်ကိုရီးယားက ဆွီဒင်၊ မက္ကဆီကိုတို့နဲ့ နှစ်ပွဲစလုံးမှာ Physical ပိုင်းအားနည်းမှုက ဒုက္ခပေးခဲ့တယ်။ ဂျာမနီနဲ့ဆိုရင် Quality ပိုင်းပါ အရမ်းကွာနေတယ်။ ဂျာမနီ ဂိုးပြတ်မယ့်ပွဲပါ။

မက္ကဆီကို နှင့် ဆွီဒင်
(မြန်မာစံတော်ချိန် ဗုဒ္ခ္ဓဟူးည ၈း၃၀ နာရီ)

မက္ကဆီကိုက ဒီကမ္ဘာ့ဖလားမှာ ရှားရှားပါးပါး (၆)မှတ်ရထားတဲ့အသင်းတွေထဲကတစ်သင်းပါ။ ခက်တာက (၆)မှတ်ရတာတောင် အုပ်စုကထွက်သွားရနိုင်သေးတဲ့ အန္တရာယ်ရှိနေတာပဲ။ ဆွီဒင်က မာကျောပြီး တောင့်တင်းတယ်။ ဒါပေမဲ့ လိုအပ်နေတဲ့တစ်မှတ်ကိုတော့ မက္ကဆီကို ယူနိုင်မှာပါ။

ဆားဘီးယား နှင့် ဘရာဇီးလ်
(မြန်မာစံတော်ချိန်ကြာသပတေးနံနက် ၀၀း၃၀ နာရီ)

ဆားဘီးယားက ဆွစ်ဇာလန်ကိုရှုံးခဲ့လို့ မျှော်လင့်ချက်အားနည်းသွားတယ်။ ဒီပွဲက သရေဆိုရင်တောင် အခြေအနေမကောင်းဘူး။ ဘရာဇီးလ်ကလည်း အခုအချိန်အထိ အကောင်းဆုံးပုံစံမပြနိုင်သေးပါဘူး။ အုပ်စုဗိုလ်နေရာအတွက် ဂိုးတွေသွင်းဖို့လိုပေမယ့် ခက်ခဲမယ့်ပွဲတစ်ပွဲပါ။ သရေလည်းဖြစ်သွားနိုင်တယ်။

ဆွစ်ဇာလန် နှင့် ကော်စတာရီကာ
(မြန်မာစံတော်ချိန် ကြာသပတေးနံနက် ၀၀း၃၀ နာရီ)

ဆွစ်ဇာလန်က ဒီအုပ်စုမှာ အခြေအနေအကောင်းဆုံး အနေအထားကို ပိုင်ဆိုင်ထားတယ်။ ယုံကြည်မှုအားကောင်းပြီး ကစားပုံတည်ငြိမ်တယ်။ ကော်စတာရီကာရဲ့ ကစားပုံက အားနည်းတယ်။ ဒါပေမဲ့ စိတ်ဓာတ်ကောင်းပြီးခံစစ်မာတယ်။ စုစည်းမှုရှိတယ်။ ဆွစ်ဇာလန်အလွန်ဆုံးကပ်နိုင်ပါပဲ။

 

Most Read

Most Recent