ဒိန်းမတ်ကို အခွင့်အရေးမပေးဘဲ အနိုင်ကစား သွားမည်ဟု ပြင်သစ်နည်းပြ ဒေးရွှမ့် ကြုံးဝါး

ဒိန်းမတ်ကို အခွင့်အရေးမပေးဘဲ အနိုင်ကစား သွားမည်ဟု ပြင်သစ်နည်းပြ ဒေးရွှမ့် ကြုံးဝါး
Published 26 June 2018

Photo:AFP

ပြင်သစ်နည်းပြ ဒေးရွှမ့်က ယနေ့ညကစားမည့် ဒိန်းမတ်အသင်းနှင့်အုပ်စုနောက်ဆုံးပွဲစဉ် တွင် မည်သည့်အခွင့်အရေးမျှမပေးဘဲ အနိုင်က စားသွားမည်ဖြစ်ကြောင်း ကြုံးဝါးပြောဆိုခဲ့သည်။

ဒေးရွှမ့်က '' သူတို့က တစ်မှတ်ရမယ်ဆိုရင် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်မှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ အဲဒီအခွင့်အရေးကို လုံးဝပေးသွားမှာမဟုတ်ပါဘူး။ အုပ်စုဗိုလ်နေရာအတွက် အဓိ ကရည်ရွယ်ပြီး ကစားမှာပါ။ ကျွန်တော့်အသင်းဟာ ဘယ်ပွဲမှာသရေကစားမယ်လို့မပြောခဲ့ဖူးပါဘူး။ သရေဆိုရင် နှစ်သင်းစလုံး နောက်တစ်ဆင့်ကို တက်ရောက်မှာပါ။ ဒါပေမဲ့ သူတို့အသင်းအ ကြောင်းကို ကျွန်တော်မပြောလိုပါဘူး ''ဟုပြော ကြားခဲ့သည်။

ဒိန်းမတ်နည်းပြဟာရိုင်ဒယ်သည် အစောပိုင်းကာလ များက ပြင်သစ်အသင်းမှာ ထူးခြားသည့်စွမ်းဆောင် ရည်မရှိသလို၊ ပေါ့ဘာမှာလည်း ဆံပင်ပုံစံကိုပြောင်း လဲရန်သာ အာရုံစိုက်နေသူဖြစ်ကြောင်း ဝေဖန်မှု များပြုလုပ်ခဲ့ဖူးသည်။

သို့ဖြစ်ရာ ဒေးရွှမ့်က ဟာရိုင်ဒယ်၏ဝေဖန်မှုများကို မှားယွင်းကြောင်း သက်သေပြကာ နိုင်ပွဲရယူသွား ရန် စိတ်အားထက် သန်နေကြောင်းလည်း ကြုံးဝါးခဲ့သည်။

ဒိန်းမတ်အသင်းသည် အုပ်စုပွဲစဉ်(၂)ပွဲ ကစားပြီးချိန်တွင် (၄)မှတ်ရရှိထားသော်လည်း ရှုံ့းထွက်အဆင့်တက်ရောက်ခွင့်သေချာရန် ပြင်သစ်နှင့်ပွဲတွင် သရေတစ်မှတ်လိုအပ်နေသေးသည်။

Most Read

Most Recent