အာဂျင်တီးနား၏ကမ္ဘာ့ဖလား နိုင်ဂျီးရီးယားနှင့်ပွဲမှစမည်ဟု ဆမ်ပါအိုလီ ဆို

အာဂျင်တီးနား၏ကမ္ဘာ့ဖလား နိုင်ဂျီးရီးယားနှင့်ပွဲမှစမည်ဟု ဆမ်ပါအိုလီ ဆို
Published 26 June 2018

Photo:AFP

အာဂျင်တီးနားနည်းပြ ဆမ်ပါအိုလီက မိမိတို့၏ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လာမည့် နိုင်ဂျီး ရီးယားနှင့်ပွဲမှစတင်မည်ဟု ကြုံးဝါးလိုက်ကြောင်း သိရှိရသည်။

အာဂျင်တီးနားအသင်းသည် အုပ်စု(၂)ပွဲကစားပြီးချိန်တွင် (၁)မှတ်သာရရှိသေးသော်လည်း နိုင်ဂျီးရီးယားကို အနိုင်ရရှိခဲ့ပါက နောက်တစ်ဆင့်တက်ရန် မျှော်လင့်ချက်ရှိနေဆဲဖြစ်သည်။

သို့သော် အာဂျင်တီးနားအသင်းသည် လက်ရှိကြုံတွေ့ခဲ့သည့် ရလဒ်ဆိုး များကြောင့် နည်းပြနှင့် ကစားသမားများကြား အသင်းတွင်းပြဿနာများရှိနေပြီး ဆမ်ပါ အိုလီအနေဖြင့် ကစားသမားများ၏ ပုန်ကန်မှုနှင့် ရင်ဆိုင်နေရသည်ဟု သတင်းများ ထွက်နေရာ ယင်းအချက်ကိုလည်း ဆမ်ပါအိုလီက ငြင်းဆန်ခဲ့သည်။

ဆမ်ပါအိုလီက ''ကျွန် တော် အသင်းရဲ့ဦးဆောင်သူနေရာမှာ ရှိနေဆဲဖြစ်ပြီး လူစာရင်းကိုလည်း ကျွန်တော်ပဲ ရွေးချယ်သွားမှာပါ။ အာဂျင်တီးနားအသင်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ မနက်ဖြန်မှ စတင်မှာပါ။ ကျွန်တော်တို့ သမိုင်းစာမျက်နှာသစ် ရေးသားသွားမှာပါ။ ရင်ဆိုင်ရမယ့်အခြေအနေအတွက် ကစားသမားတွေနဲ့လည်း ဆွေးနွေးခဲ့ပြီးပါပြီ။ ကျွန်တော်တို့ နှလုံးသားနဲ့ ယှဉ်ပြိုင်ကစား သွားမှာဖြစ်ပြီး အသစ်တစ်ဖန်မွေးဖွားနိုင်လိမ့်မယ်လို့လည်း ယုံကြည်နေပါတယ်''ဟု တနင်္လာနေ့က ပြုလုပ်ခဲ့သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အာဂျင်တီးနားအသင်းသည် ယနေ့တွင်ကစားမည့် နိုင်ဂျီးရီးယားနှင့်ပွဲတွင် အနိုင်ရရှိလျှင်တောင်မှ အိုက်စလန်-ခရိုအေးရှားပွဲရလဒ်ကို စောင့်ကြည့်ရမည့်အနေအထားရှိသည်။

လက်ရှိအုပ်စု(D)တွင် ခရိုအေးရှားအသင်းက (၆)မှတ်၊ နိုင်ဂျီးရီးယားအသင်းက (၃)မှတ်၊ အာဂျင်တီးနားနှင့် အိုက်စလန်အသင်းတို့က (၁)မှတ်စီရရှိထားသည်။

Most Read

Most Recent