လူစာရင်းပေါက်ကြားခြင်းအတွက် မီဒီယာများအား အင်္ဂလန်နည်းပြဆောက်ဂိတ် ဝေဖန်ပြစ်တင်

လူစာရင်းပေါက်ကြားခြင်းအတွက် မီဒီယာများအား အင်္ဂလန်နည်းပြဆောက်ဂိတ် ဝေဖန်ပြစ်တင်
Published 24 June 2018

 

 

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်သည် ပနားမားအသင်းနှင့်ကစားရမည့်ပွဲအတွက် လူစာရင်းကြိုတင်ပေါက်ကြားခြင်းအတွက် ဗြိတိန်မီဒီယာများအား ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။

ပနားမားနှင့်ပွဲအတွက် လူစာရင်းဖြစ်နိုင်သည့်စာရွက်အား လက်ထောက်နည်းပြ စတိဗ်ဟော်လန်ကိုင်ထားစဉ် မီဒီယာများက ဓာတ်ပုံရိုက်ယူပြီးနောက် ပြန်လည်ဖော်ပြခဲ့သဖြင့် ဆောက်ဂိတ်က ဒေါသပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

ယင်းဓာတ်ပုံတွင် မြင်တွေ့ရသည့် အချက်အလက်များအရ အဖွင့်ပွဲ၌ ခြေစွမ်းပြ နိုင်ခြင်းမရှိသည့် စတာလင်ကို ချန်လှပ်၍ တိုက်စစ်တွင် ဟာရီကိန်းနှင့် ရပ်ရှ်ဖို့ဒ်တွဲ ကစားကာ ကွင်းလယ်တွင်လည်း ဒဏ်ရာ ပြဿနာရှိနေသည့် အယ်လီနေရာ၌ လော့ဖ်တပ်စ်ချိခ်ကိုအသုံးပြုရန် စီစဉ်ထားကြောင်း သိရသည်။

သို့ဖြစ်ရာ ဆောက်ဂိတ်က " ဒီလို ကိစ္စမျိုးတွေကဖြစ်နေကျဆိုတော့ ကျွန်တော့်အတွက် သိပ်မဆန်းပါဘူး။ ဒါက ကျွန်တော်တို့အတွက် အခွင့်အရေးပိုရစေမယ့်အစား ပိုပြီးတောင် နည်းသွားစေပါတယ်။ ဒါကြောင့် မီဒီယာတွေအနေနဲ့ အသင်းကို အထောက်အကူပေးချင်သလား၊ မပေးချင်ဘူးလားဆိုတာ ဆုံးဖြတ်ဖို့လိုပါတယ်" ဟု ဝေဖန်ပြောကြားခဲ့သည်။

Most Read

Most Recent