နေမာကဲ့သို့ အရည်အချင်းမျိုး ကော်တင်ဟိုမှာလည်းရှိကြောင်း ဘရိုင်ယန်ရုဇ် ချီးကျူး

နေမာကဲ့သို့ အရည်အချင်းမျိုး ကော်တင်ဟိုမှာလည်းရှိကြောင်း ဘရိုင်ယန်ရုဇ် ချီးကျူး
Published 24 June 2018

 

ကော်စတရီကာအသင်းခေါင်းဆောင် ဘရိုင်ယန်ရုဒ်က ဘရာဇီးလ်အသင်းကွင်းလယ်လူ ကော်တင်ဟိုမှာ ၎င်း၏အသင်းဖော် နေမာကဲ့သို့ အရည်အချင်းမျိုးရှိသူဖြစ်ကြောင်း ချီးကျူး ပြောကြားခဲ့သည်။ ကော်တင်ဟိုသည် ကော်စတာ ရီကာအသင်းအား (၂-ဝ)ဂိုးဖြင့်အနိုင်ရသည့်ပွဲတွင် နာကျင်အချိန်ပို (၉၀+၁) မိနစ်တွင် ဘရာဇီးလ်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြီး နေမာက နာကျင်အချိန်ပိုနောက်ဆုံးမိနစ်တွင် ဒုတိယဂိုးသွင်းယူပေးခဲ့ခြင်းဖြစ်သည်။

ဘရိုင်ယန်ရုဇ်က'' သူတို့နှစ်ယောက်စလုံးမှာ အရည်အသွေးကောင်းတွေ ကိုယ်စီရှိကြပါတယ်။ သူတို့တွဲဖက်ပြီးကစားတဲ့ပွဲတွေဟာ ဘရာဇီးလ်အတွက်ဘယ်အချိန်မဆို ပွဲအဖြေ ပြောင်းလဲနိုင်စွမ်းလည်းရှိပါတယ်။ ကျွန်တော်ကတော့ သူတို့နှစ်ယာက်စလုံးမှာ တူညီတဲ့အရည်အချင်းတွေရှိကြတယ်လို့ထင်ပါတယ်။ ဒါ့အပြင် ဘရာဇီးလ်ဟာ အတွေ့အကြုံရော၊ အရည်အသွေးပြည့်ဝတဲ့ကစားသမားတွေပါ ပါဝင်နေတဲ့အသင်းလည်း ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။
ကော်တင်ဟိုသည် ယခုကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘရာဇီးလ်အသင်းအတွက် (၂)ပွဲဆက် ဂိုးသွင်းယူထားပြီး ဆွစ်ဇာလန်နှင့် အုပ်စုအဖွင့်ပွဲစဉ်တွင်လည်း ဂိုးသွင်းယူနိုင်ခဲ့သည်။

Most Read

Most Recent