ရှုံးပွဲအတွက် မိမိတွင်သာတာဝန်ရှိပြီးပရိသတ်များ ခွင့်လွှတ်ပေးရန်ဆမ်ပါအိုလီ တောင်းဆို

ရှုံးပွဲအတွက် မိမိတွင်သာတာဝန်ရှိပြီးပရိသတ်များ ခွင့်လွှတ်ပေးရန်ဆမ်ပါအိုလီ တောင်းဆို
Published 23 June 2018

Photo:AFP

အာဂျင်တီးနားအသင်းနည်းပြ ဆမ်ပါ အိုလီက ခရိုအေးရှားအသင်းအား ဂိုးပြတ်ရှုံး နိမ့်ခြင်းအတွက် မိမိတစ်ဦးတည်းသာတာဝန် ရှိကြောင်း ဝန်ခံပြီး ပရိသတ်များအနေဖြင့် မိမိအားခွင့်လွှတ်ပေးရန် မျှော်လင့်ကြောင်း ပြောကြားသည်။

အုပ်စုအဖွင့်ပွဲတွင် အိုက်စလန်အသင်း နှင့် သရေကျထားသည့် အာဂျင်တီးနားအသင်း သည် ဒုတိယပွဲတွင် ခရိုအေးရှားအသင်းအား သုံးဂိုးပြတ်ရှုံးနိမ့်ခဲ့သောကြောင့် အုပ်စုအဆင့် မှထွက်ရရန် စိုးရိမ်စရာအခြေအနေဖြစ်လာ သည်။

ယင်းပွဲရလဒ်ကြောင့် ဆမ်ပါအိုလီနှင့် မက်ဆီအပါအဝင် အာဂျင်တီးနားအသင်းအား ပြင်းထန်စွာဝေဖန်မှုများရှိနေရာ ၎င်းက ''ပထမဆုံးအနေနဲ့ပြောချင်တာက ပရိသတ် တွေ အထူးသဖြင့် အာဂျင်တီးနားအသင်းရဲ့ပွဲ ကိုကြည့်ဖို့ အဝေးကြီးကနေလာရတဲ့ ပရိသတ် တွေဆီက နားလည်ခွင့်လွှတ်မှုလိုချင်တာပါ။ ကျွန်တော်က အရာအားလုံးကို ဆုံးဖြတ်ရ တဲ့သူဖြစ်လို့ ဒီရှုံးပွဲအတွက် အဓိကတာဝန်ရှိ သူက ကျွန်တော်ပါပဲ။ ဒီပွဲအတွက် ကျွန်တော် ပြင်ဆင်မှုတွေလုပ်ထားပါတယ်။ ဒါက ကာဘယ်လာရိုကို ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ်လို့ တော့ မထင်မိပါဘူး။ ခရိုအေးရှားအသင်းကို သူတို့ကွင်းဘက်ခြမ်းမှာ တစ်ချိန်လုံးဖိအား ပေးနိုင်ဖို့ ရည်ရွယ်ထားတာပါ။ ဒါပေမဲ့ သူတို့ က ဂိုးစသွင်းလိုက်တဲ့အချိန်မှာ စိတ်ပိုင်းဆိုင် ရာ ပြိုလဲသွားပြီး ဒီအခြေအနေကို အပြောင်း အလဲလုပ်ဖို့ အပြန်အလှန်ငြင်းခုံဆွေးနွေးတာ မျိုးလည်းမရှိပါဘူး'' ဟု ပြောကြားသည်။

ထို့ ပြင် ဆမ်ပါအိုလီက ''အာဂျင်တီးနားအသင်းရဲ့ ပကတိအခြေအနေက လီယို (မက်ဆီ) ရဲ့ တောက်ပမှုကို မှေးမှိန်အောင်လုပ်နေသလို ပဲ။ သူ့ရဲ့စွမ်းဆောင်ရည်ကလည်း အကန့် အသတ်ရှိပါတယ်။ အသင်းက သူ့ကိုပံ့ပိုးပေး ရမယ့်အစား တစ်သားတည်းဖြစ်မနေပါဘူး''ဟု ဝေဖန်ပြစ်တင်သည်။

Most Read

Most Recent