ဆွစ်ဇာလန်ပရိသတ်သုံးဦး ထွန်စက်ဖြင့် ရုရှားသို့သွားရောက်ကြည့်ရှု

ဆွစ်ဇာလန်ပရိသတ်သုံးဦး ထွန်စက်ဖြင့် ရုရှားသို့သွားရောက်ကြည့်ရှု
Published 23 June 2018

ဆွစ်ဇာလန်အသင်းအားပေးသူ ပရိသတ်သုံးဦးသည် ဆွစ်ဇာလန်နိုင်ငံမှ တစ်ဆင့် ဆွစ်ဇာလန်နှင့် ဆားဘီးယားအသင်းတို့ ယှဉ်ပြိုင်ကစားမည့် ရုရှား နိုင်ငံ Kaliningrad မြို့သို့ ထွန်စက်ဖြင့် သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရ သည်။

ထွန်စက်ပိုင်ရှင်ဖြစ်သူ စတူဒါနှင့် သူငယ်ချင်းနှစ်ဦးသည် အုပ်စုဒုတိယပွဲ စဉ်ဖြစ်သည့် ဆားဘီးယားအသင်းနှင့်ပွဲအား ကြည့်ရှုရန် ကီလိုမီတာ ၂၀၀၀ (၁၂၄၀ မိုင်) ကွာဝေးသည့်ခရီးကို ထွန်စက်ဖြင့်သွားရောက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး ၁၂ ရက်ကြာမြင့်ပြီးနောက် Kaliningrad Stadium ကားပါကင်သို့ ဇွန် ၂၁ ရက်တွင်ရောက်ရှိလာကြောင်း သိရသည်။

၎င်းတို့သည် ယခုခရီးစဉ်မှ တစ်ဆင့် ဆွစ်ဇာလန်နိုင်ငံရှိ ကလေးငယ်များအတွက် ပြန်လည်လှူဒါန်းနိုင်ရန် ရည်ရွယ်ထားပြီး ဆွစ်ဖရန့် ၂၀ç၀၀၀ (ပေါင် ၁၅ç၂၂၇) ရရှိထားသည်။

ပိုလန် နိုင်ငံမှ ရုရှားသို့မဝင်ရောက်မီ အရက်မူးပြီးမောင်းနှင်ကြောင်း သံသယရှိသဖြင့် ရဲတပ်ဖွဲ့၏ စစ်ဆေးမှုခံခဲ့ရကြောင်းလည်း သိရသည်။

Most Read

Most Recent