ဆွီဒင်သတင်းထောက်က ခီဒီရာအား အိမ်ပြန်လက်မှတ်ဖြင့် နောက်ပြောင်

ဆွီဒင်သတင်းထောက်က ခီဒီရာအား အိမ်ပြန်လက်မှတ်ဖြင့် နောက်ပြောင်
Published 23 June 2018

Photo:Expressen

ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီအသင်း၏ ကွင်းလယ်ကစားသမား ခီဒီရာအား ဆွီဒင် သတင်းထောက်တစ်ဦးက ကစားသမားအား လုံးအတွက် အိမ်ပြန်လက်မှတ်ပေး၍ နောက် ပြောင်ခဲ့ကြောင်း သိရသည်။

ဂျာမနီအသင်းသည် အုပ်စုအဖွင့်ပွဲတွင် မက္ကဆီကိုအသင်းအား မထင်မှတ်ဘဲ ရှုံးနိမ့် ခဲ့သောကြောင့် ဖိအားများနေပြီး ဒုတိယပွဲ အဖြစ် ဇွန် ၂၃ ရက်(ယနေ့)တွင် ဆွီဒင်အသင်း နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ဂျာမနီ အသင်းအနေဖြင့် ဆွီဒင်အသင်းအား ထပ်မံ ရှုံးနိမ့်ပါက အုပ်စုအဆင့်မှထွက်ရဖွယ်ရှိသော ကြောင့် ယင်းသတင်းထောက်က ဂျာမနီကစား သမားအားလုံးပါဝင်သည့် အိမ်ပြန်လက်မှတ် ပုံစံပြုလုပ်၍ နောက်ပြောင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ခီဒီရာသည် ၎င်းင်းအား ဒေါသမထွက် ဘဲ ပြန်လည်ပြုံးပြပြီးနောက် ''ကျွန်တော်က တော့ ဇူလိုင် ၁၆ ရက်အထိ (ဗိုလ်လုပွဲအပြီး) ဒါကိုလိုမယ်မထင်ဘူး''ဟု တုံ့ပြန်ပြောကြားသည်။

ခီဒီရာ (၃၁ နှစ်) သည် မက္ကဆီကိုနှင့်ပွဲ ၌ ခြေစွမ်းပြနိုင်ခြင်းမရှိသောကြောင့် ဒုတိယ ပွဲတွင် ၎င်းအား ချန်လှပ်ထားရန် ဂျာမနီဂန္ထ ဝင်ကစားသမား လိုသာမားသီးယပ်စ်နှင့် အက်ဖန်ဘက်တို့က တိုက်တွန်းပြောကြားမှု များ ပြုလုပ်လျက်ရှိသည်။

သို့သော် ၎င်းင်းက ''ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး ကျွန်တော့်ဆီမှာ ဘာပြဿနာမှမရှိပါဘူး။ ဒီလိုအရာတွေနဲ့ နေသားကျပြီးသားပါ။ ကျွန်တော် ကောင်း ကောင်းမကစားနိုင်ခဲ့ဘူးဆိုတာ ကိုယ့်ကိုယ် ကိုယ်သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေ နဲ့ ကျောင်းသားလေးတွေကို လုပ်နေလို့မရပါ ဘူး။ ဒီအခြေအနေကို အားလုံးအတူကျော် ဖြတ်နိုင်ဖို့ လိုပါတယ်''ဟု တုံ့ပြန်ပြောကြား သည်။

Most Read

Most Recent