လီဗာပူးလ်အသင်းနှင့် အကြိုသဘောတူညီမှုယူထားသည့် လိုက်ပ်ဇစ်အသင်းမှ ဂီနီလက်ရွေးစင်ကွင်းလယ်လူ ကီတာမှာ စာချုပ်ကိစ္စအပြီးသတ်ရန်အတွက် သောကြာနေ့ညက လီဗာပူးလ်မြို့သို့ ရောက်ရှိလာကြောင်း သိရသည်။
ကီတာ၏ပြောင်းရွှေ့ကြေးအတွက် လီဗာပူးလ်အသင်းမှာ ပေါင် (၅၃)သန်းသုံးစွဲရမည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာ Daily Mailက ဖော်ပြခဲ့သည်။
ကီတာသည် လာမည့်လတွင်စတင်မည့် နည်းပြ ယာဂန်ကလော့ပ်၏ရာသီကြိုအစီအစဉ်အစမှာပင် ပူးပေါင်းမည်ဖြစ်ပြီး ဇူလိုင်လ(၇)ရက်နေ့တွင်ကစားမည့် ချက်စတာနှင့်ပွဲတွင် ပါဝင်ကစားဖွယ်ရှိနေသည်။
လီဗာပူးလ်အသင်းသည် ရာသီကြိုခြေစမ်းပွဲ (၉)ပွဲအထိကစားသွားရန် စီစဉ်ထားသည်။