စီရော်နယ်လ်ဒိုထံမှ ဒိုင်လူကြီးဂိုက်ဂါအင်္ကျီတောင်းခြင်းမရှိဟု တုံ့ပြန်

စီရော်နယ်လ်ဒိုထံမှ ဒိုင်လူကြီးဂိုက်ဂါအင်္ကျီတောင်းခြင်းမရှိဟု တုံ့ပြန်
Published 23 June 2018

ပေါ်တူဂီ-မော်ရိုကိုပွဲမှ ဒိုင်လူကြီး ဂိုက်ဂါ(Photo:AFP)

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က အမေရိကန်ဒိုင်လူကြီး မာ့ခ်ဂိုက်ဂါသည် ပေါ် တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒို ထံမှ အင်္ကျီလက်ဆောင်တောင်းခဲ့ခြင်းမရှိ ကြောင်း ကြေညာချက်ထုတ်ပြန်သည်။

ဇွန် ၂၀ ရက်က ပေါ်တူဂီနှင့် မော်ရိုကို အသင်းတို့ ယှဉ်ပြိုင်ကစားသည့်ပွဲအပြီးတွင် မော်ရိုကိုအသင်း တောင်ပံကစားသမား အမ်မရာဘတ်က ဒိုင်လူကြီးဂိုက်ဂါသည် ပထမပိုင်းအပြီးတွင် စီရော်နယ်လ်ဒိုထံမှ အင်္ကျီ တောင်းယူခဲ့ကြောင်း ပေါ်တူဂီနောက်ခံလူ ပီပီက မိမိအားပြောကြားခဲ့သည်ဟု ဆိုခဲ့သည်။

''သူ (ဒိုင်လူကြီး) က အဲဒီလိုလုပ်နေကျ လားဆိုတာတော့ ကျွန်တော်မသိဘူး။ သူက ခရစ္စတီယာနိုရော်နယ်လ်ဒိုကိုတော့ တော်တာ်သဘောကျတယ်။ ပထမပိုင်းအပြီးမှာ သူက အဲဒီအင်္ကျီကို သူရသင့်တယ်လို့ပြော တယ်ဆိုပြီး ပီပီပြောနေတာ ကြားလိုက်ရ တယ်''ဟု ၎င်းက ပြောကြားသည်။

ယင်းမှတ်ချက်စကားမှာ မီဒီယာများတွင် ပျံ့နှံ့သွားပြီး ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသောကြောင့် FIFA က ဒိုင်လူကြီးဂိုက်ဂါဘက်မှကာကွယ် ၍ ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent