၂၁ ပွဲအပြီးတွင် ကွင်းအတွင်းကြည့်ရှုသည့်ပရိသတ် တစ်သန်းကျော်သွားပြီဟု FIFA ထုတ်ပြန်

၂၁ ပွဲအပြီးတွင် ကွင်းအတွင်းကြည့်ရှုသည့်ပရိသတ် တစ်သန်းကျော်သွားပြီဟု FIFA ထုတ်ပြန်
Published 23 June 2018

ကော်စတာရီကာနှင့်ပွဲမှ ဘရာဇီးလ်ပရိသတ်များ(Photo:AFP)

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ရုရှားနိုင်ငံ ၌ ဇွန် ၁၄ ရက်မှ စတင်ကျင်းပလျက်ရှိပြီး  ရှစ်ရက်အကြာ ပွဲစဉ်စုစုပေါင်း ၂၁ ယှဉ်ပြိုင် ကစားအပြီးမှာပင် ကွင်းအတွင်းလာရောက် ကြည့်ရှုသည့်ပရိသတ် တစ်သန်းကျော်ရှိသွား ပြီဖြစ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က အတည်ပြုထုတ်ပြန်သည်။

ဇွန် ၂၁ ရက်က အုပ်စု (C) ပွဲအဖြစ် ဒိန်းမတ်နှင့် သြစတြေးလျအသင်းတို့ ယှဉ်ပြိုင် ကစားသည့်ပွဲအပြီးတွင် FIFA က ကြေညာ ချက်ထုတ်ပြန်ခြင်းဖြစ်ပြီး ပွဲစဉ်အားလုံးတွင် လာရောက်ကြည့်ရှုသည့်ပရိသတ် ၉၇ ရာခိုင် နှုန်းအထိရှိကြောင်း သိရသည်။

FIFA သည် ကမ္ဘာ့ဖလားပြိုင်ပွဲကာလတစ်လျှောက်လုံး အတွက် လက်မှတ်စောင်ရေ ၂ ဒသမ ၆ သန်း ကျော် ရောင်းချပေးထားပြီး ရက်သတ္တပတ် တစ်ပတ်ကျော်အကြာမှာပင် ကွင်းအတွင်း ကြည့်ရှုသည့်ပရိသတ် တစ်သန်းကျော်သွား ခြင်းဖြစ်သည်။

''ကမ္ဘာတစ်ဝန်းလုံးရှိ ပရိသတ် များအတွက် လက်မှတ်ခွဲတမ်း ၂ ဒသမ ၆ သန်းကို ဇူလိုင် ၁၅ ရက်အထိ ရောင်းချပေး လျက်ရှိပါသည်။ ပျမ်းမျှအားဖြင့် ကမ္ဘာ့ဖလား ကျင်းပသည့်ကွင်းများတွင် ဝင်ဆံ့နိုင်သော ပမာဏ၏ ၉၇ ရာခိုင်နှုန်းလာရောက်ကြည့်ရှု ခြင်းဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါ သည်''ဟု FIFA ၏ ကြေညာချက်တွင်ဖော်ပြ ထားသည်။

ဇွန် ၂၁ ရက်အထိ ကျင်းပပြီးစီးခဲ့သည့်ပွဲစဉ်များအနက် ဇွန် ၁၄ ရက် အိမ်ရှင် ရုရှားနှင့် ဆော်ဒီအာရေဗျအသင်းတို့ ယှဉ် ပြိုင်ကစားသည့် အဖွင့်ပွဲစဉ်၊ ဇွန် ၁၇ ရက်က ဂျာမနီနှင့် မက္ကဆီကိုအသင်းတို့ပွဲစဉ်၊ ဇွန် ၂၀ ရက်က ပေါ်တူဂီနှင့် မော်ရိုကိုအသင်းတို့ပွဲစဉ် များတွင် ပရိသတ် ၇၈ç၀၁၁ ဦးစီဖြင့် အများ ဆုံး လာရောက်ကြည့်ရှုခဲ့ပြီး ယင်းပွဲအားလုံး ကို မော်စကိုမြို့ရှိ လုဇနီကီကွင်း ၌ ကျင်းပခြင်းဖြစ်ကာ ကွင်းလုံးပြည့်အားပေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုထုတ်ပြန် သည့်စာရင်းမှာ ပရိသတ်အရေအတွက် သီး သန့်သာဖြစ်ပြီး FIFA က လက်ဆောင်ပေး အပ်ထားသည့် လက်မှတ်များမပါဝင်ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတစ်ဝန်းရှိ Fan Fest များ တွင်လည်း လာရောက်ကြည့်ရှုသူ ၂ ဒသမ ၅ သန်းကျော်ရှိပြီဖြစ်ကြောင်း သိရသည်။

Most Read

Most Recent