အာဂျင်တီးနား၏ ရေပန်းစားမှု အာဂျင်တီးနား၏ ရေပန်းစားမှု အဆင့် (၁၀) အထိ လျော့ကျ

အာဂျင်တီးနား၏ ရေပန်းစားမှု အာဂျင်တီးနား၏ ရေပန်းစားမှု အဆင့် (၁၀) အထိ လျော့ကျ
Published 23 June 2018

Photo:AFP

အာဂျင်တီးနားအသင်းသည် ခရိုအေး ရှားအသင်းအား ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ချန် ပီယံဆုဆွတ်ခူးရရှိရန် ရေပန်းစားမှုစာရင်း တွင် အဆင့် (၁၀) အထိ ကျဆင်းသွားကြောင်း သိရသည်။

အာဂျင်တီးနားအသင်းသည် အုပ်စုပွဲစဉ် နှစ်ပွဲကစားပြီးချိန်အထိ နိုင်ပွဲမရသေးဘဲ အိုက်စလန်အသင်းနှင့်သရေ၊ ခရိုအေးရှား အသင်းကို ရှုံးနိမ့်ကာ တစ်မှတ်သာရရှိထား သည်။

အာဂျင်တီးနားအသင်းအနေဖြင့် နောက်ဆုံးပွဲတွင် နိုင်ဂျီးရီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အုပ်စုအဆင့်မှ နောက်တစ်ဆင့်တက်နိုင်ရန် ခက်ခက်ခဲခဲ ရုန်းကန်ရဖွယ်ရှိနေသည်။

သို့ဖြစ်ရာ နာမည် ကြီး လောင်းကစားဒိုင်များ၏ ချန်ပီယံဆုရရှိ ရန် အလေးပေးမှုတွင် အာဂျင်တီးနားအသင်း ၏ ရေပန်းစားမှုမှာ ဘရာဇီးလ်၊ စပိန်၊ ပြင်သစ်၊ လက်ရှိချန်ပီယံ ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ အင်္ဂ လန်၊ ခရိုအေးရှား၊ ပေါ်တူဂီ၊ ဥရုဂွေး စသည့် အသင်းများ၏နောက် အဆင့် (၁၀) နေရာ အထိ ကျဆင်းသွားခြင်းဖြစ်သည်။

အာဂျင်တီးနားအသင်းသည် ၂၀၀၂ ခုနှစ်ပြိုင်ပွဲတွင် အုပ်စုအဆင့်မှ နောက်ဆုံးအကြိမ်ထွက်ခဲ့ရ ဖူးသည်။

ချန်ပီယံဆုရရှိရန် ရေပန်းစားမှု

အမည် အလေးပေးမှု

ဘရာဇီးလ် ၄း၁

စပိန် ၄း၁

ပြင်သစ် ရး၁

ဂျာမနီ ရး၁

ဘယ်လ်ဂျီယံ ၈း၁

အင်္ဂလန် ၁၀း၁

ခရိုအေးရှား ၁၄း၁

ပေါ်တူဂီ ၁၆း၁

ဥရုဂွေး ၂၈း၁

အာဂျင်တီးနား ၃၃း၁

Most Read

Most Recent