ဆွီဒင်အသင်းနှင့်ပွဲစဉ်တွင် ဟမ်းမဲလ်ဒဏ်ရာကြောင့်ပါဝင်နိုင်ရန်မသေချာဟု ယော်ကင်လိုး ပြောကြား

ဆွီဒင်အသင်းနှင့်ပွဲစဉ်တွင် ဟမ်းမဲလ်ဒဏ်ရာကြောင့်ပါဝင်နိုင်ရန်မသေချာဟု ယော်ကင်လိုး ပြောကြား
Published 23 June 2018

 

ဂျာမနီအသင်း၏အဓိကနောက်ခံလူဟမ်းမဲလ်သည် လေ့ကျင့်ရေးကွင်းတွင် လည်ပင်းဒဏ်ရာရရှိခဲ့သောကြောင့် ယနေ့ညကစားမည့် ဆွီဒင်အသင်းနှင့်ပွဲစဉ်တွင် ပါဝင်နိုင်ရန်မသေချာဟု နည်းပြ ယော်ကင်လိုးက ပြောကြားခဲ့သည်။

ဟမ်းမဲလ်သည် မက္ကဆီကိုအသင်းအား (ဝ-၁)ဂိုးဖြင့်ရှုံးနိမ့်သည့်ပွဲတွင် ဝေဖန်မှုများနှင့်ရင်ဆိုင်ခဲ့ရသူဖြစ်ပြီး နောက်တစ်ဆင့်အတွက် အရေးပါသည့် ဆွီဒင်နှင့်ပွဲစဉ်တွင်ပါဝင်ရန်မျှော်လင့်လျက်ရှိသည်။

 

Photo: Getty Images

ယော်ကင်လိုးက '' ဟမ်းမဲလ်ဟာ လေ့ကျင့်ရေးကွင်းမှာ လည်ပင်းဒဏ်ရာရရှိခဲ့ပါတယ်။ ဒီနေ့အထိ သူ့ဒဏ်ရာက နာကျင်နေတုန်းပါပဲ။ အဲဒါကြောင့် ဆွီဒင်နဲ့ကစားမယ့်ပွဲမှာ ပါဝင်ဖို့ မသေချာသေးပါဘူး။  ကျွန်တော်တို့အနေနဲ့ ပွဲမတိုင်မီကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ဖို့ ကစားသမားတွေ ကြံ့ခိုင်မှုပြည့်ဝနေဖို့လည်း လိုအပ်ပါတယ်'' ဟု ဆွီဒင်နှင့်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဂျာမနီသည် ယနေ့ညပွဲစဉ်တွင် ဆွီဒင်ကို အနိုင်ရရှိမှသာ နောက်တစ်ဆင့်အတွက် မျှော်လင့်ချက်ရှင်သန်နိုင်မည်ဖြစ်သည်။

Most Read

Most Recent