မူးယစ်ရမ်းကားခဲ့သည့် အင်္ဂလန်ပရိသတ်နှစ်ဦးကို စွဲချက်တင်

မူးယစ်ရမ်းကားခဲ့သည့် အင်္ဂလန်ပရိသတ်နှစ်ဦးကို စွဲချက်တင်
Published 20 June 2018

 

 

Photo: The Sun

 

အင်္ဂလန်-တူနီးရှားပွဲကစားခဲ့သည့် Vologograd မြို့သို့သွားသည့် ရထားပေါ်တွင် မူးယစ်ရမ်းကားခဲ့သည့် အင်္ဂလန်ပရိသတ်နှစ်ဦးကို စွဲချက်တင်ထားကြောင်း သိရသည်။

အဆိုပါပရိသတ်တစ်ဦးအနက် တစ်ဦးမှာ ရထားတွဲဝင်ပေါက်တံခါးရှိ မှန်ကိုရိုက်ခွဲကာ သူ၏ညာဘက်လက်ကိုဖြတ်ရန် ကြိုးပမ်းခဲ့ပြီး ၎င်းကို ဆေးရုံသို့ တင်ပို့ခဲ့ရသည်။ အခြားတစ်ဦးမှာမူ ရထားတွဲပေါ်မှ ခုန်ချရန်ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို ရဲ၏အမိန့်မနာခံမှုဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့မှာ ဘောလုံးလူရမ်းကားဆိုင်ရာပြစ်မှုအတွက် အမြင့်ဆုံးထောင်ဒဏ် (၁၅) ရက် သို့မဟုတ် ဒဏ်ငွေ (၃၉) ဒေါ်လာ၊ အများပြည်သူပိုင်နေရာတွင် အရက်သေစာသောက်စားမှုအတွက် ထောင်ဒဏ် (၁၅) ရက်နှင့်အထက် သို့မဟုတ် ဒဏ်ငွေ (၂၃) ဒေါ်လာ ကျခံရဖွယ်ရှိနေသည်။

Most Read

Most Recent