လေဗာကူဆင်ဂိုးသမား လေနိုကို အာဆင်နယ်အသင်းခေါ်ယူ

လေဗာကူဆင်ဂိုးသမား လေနိုကို အာဆင်နယ်အသင်းခေါ်ယူ
Published 20 June 2018

Photos: Arsenal FC

အာဆင်နယ်အသင်းသည် လေဗာကူဆင်အသင်းမှ ဂျာမန်ဂိုးသမား ဘန်းလေနိုကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ ဖြင့် ခေါ်ယူခဲ့ကြောင်း သိရသည်။

လေဗာကူဆင်အသင်းမှ လေနို၏ပြောင်းရွှေ့မှုကို တရားဝင်သတင်းထုတ်ပြန်ပြီးနောက် အာဆင်နယ်အသင်းမှလည်း Twitterတွင် လေနို၏ဓာတ်ပုံ၊ ဗီဒီယိုဖိုင်များဖြင့် အတည်ပြုကြေညာခဲ့သည်။

(၂၆)နှစ်အရွယ်ရှိ လေနိုသည် အာဆင်နယ်အသင်းနှင့် (၄)နှစ်စာချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

'' လေနိုဟာ စွမ်းဆောင်ရည်မြင့်မားမှုနဲ့ အတွေ့အကြုံများတဲ့ ဂိုးသမားတစ်ဦးပါ။ သူဟာ ထိပ်တန်းအဆင့်ကစားသမားတစ်ဦးဖြစ်ပြီး လေဗာကူဆင်အသင်းရဲ့ နံပါတ်တစ်ဂိုးသမားအဖြစ် (၇)နှစ်ကြာလောက် ဖြတ်သန်းခဲ့ပါတယ်။ အာဆင်နယ်အသင်းကို ဘန်း ရွေးချယ်ခဲ့တဲ့အတွက် များစွာစိတ်လှုပ်ရှားခဲ့ရပါတယ်'' ဟု အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီက အသင်းဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

လေနို ရောက်ရှိလာခြင်းကြောင့် နာပိုလီအသင်းနှင့်သတင်းထွက်နေသည့် ချက်ဝါရင့်ဂိုးသမား ပီတာချက်၏အနာဂတ်မှာ ပိုမိုလှုပ်ခတ်လာခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent