ဂျာမနီကိုအနိုင်ရသည့်ပွဲအပြီးတွင် မိမိငိုကြွေးခဲ့ ဟု မက္ကဆီကိုတိုက်စစ်မှူး ဟာနန်ဒက်ဇ်ဖွင့်ဟ

ဂျာမနီကိုအနိုင်ရသည့်ပွဲအပြီးတွင် မိမိငိုကြွေးခဲ့ ဟု မက္ကဆီကိုတိုက်စစ်မှူး ဟာနန်ဒက်ဇ်ဖွင့်ဟ
Published 20 June 2018

Photo:AFP

မက္ကဆီကိုအသင်း၏တိုက်စစ်မှူး ဂျာဗီယား ဟာနန်ဒက်ဇ်က လက်ရှိကမ္ဘာ့ဖလားချန်ပီယံ ဂျာ မနီအသင်းကို အုပ်စုအဖွင့်ပွဲစဉ်တွင် အနိုင်ရပြီး နောက် အဝတ်လဲခန်းအတွင်း မိမိငိုကြွေးခဲ့ကြောင်း ဖွင့်ဟသွားခဲ့သည်။

မက္ကဆီကိုသည် ယင်းပွဲတွင် တောင်ပံတိုက်စစ်ကစာသမား လိုဇာနို၏ ပွဲချိန် (၃၅)မိနစ်တွင် သွင်းယူသည့် တစ်လုံးတည်းသော ဂိုးဖြင့် အဖိုးတန်နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ဟာနန်ဒက်ဇ်က ''ပွဲသိမ်းခရာမှုတ်ပြီးနောက် ကျွန်တော်တို့ ကွင်းထဲမှာ စိတ်လှုပ်ရှားစွာနဲ့အောင် ပွဲခံခဲ့ကြတယ်။ အဝတ်လဲခန်းထဲရောက်တော့လည်း အားလုံးက စိတ်လှုပ်ရှားနေတုန်းပဲ။ တချို့က ရယ် ကြတယ်။ တချို့က အသံကုန်အော်ဟစ်ကြတယ်။ တချို့က ငိုကြွေးကြတယ်။ အဲလို ငိုခဲ့ကြတဲ့သူတွေ ထဲမှာ ကျွန်တော်က အဆိုးဆုံးပေါ့။ ကျွန်တော်တို့ အသင်းဟာ နောက်တစ်ဆင့်တက်ဖို့ အရေးပါတဲ့ ခြေလှမ်းကို စတင်နိုင်ခဲ့တယ်။ အဲဒါကြောင့်ပဲ ပျော် ရွှင်မှုကို ဘယ်သူမှ မထိန်းချုပ်နိုင်ခဲ့တာ။ လာမယ့် တောင်ကိုရီးယားနဲ့ပွဲအတွက် အကောင်းဆုံးပြင် ဆင်ထားရပါမယ်။ အဲဒီပွဲမှာ အနိုင်မရခဲ့ရင် ဂျာမ နီကို အနိုင်ရခဲ့တာဟာ အချည်းနှီးဖြစ်သွားပါလိမ့် မယ်''ဟု ပြောကြားခဲ့သည်။

မက္ကဆီကိုအသင်း သည် အုပ်စုလက်ကျန်ပွဲစဉ်များအဖြစ် ဇွန် (၂၃) ရက်တွင် တောင်ကိုရီးယား၊ ဇွန် (၂၇)ရက်တွင် ဆွီ ဒင်တို့နှင့် ကစားရမည်ဖြစ်သည်။

 

Most Read

Most Recent