ဆီနီဂေါလက်ရွေးစင်အသင်းနည်းပြ ဆီဆေးက ကွင်းလယ်ကစားသမား မာနေသည် ကမ္ဘာ့အကောင်းဆုံးကစားသမားများထဲမှ တစ်ဦးဖြစ်သည်ဟု ပြောကြားခဲ့သည်။
မာနေသည် လီဗာပူးလ်အသင်းတွင် ပြသခဲ့သည့်ခြေစွမ်းကြောင့် ယခုကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆီနီဂေါပရိသတ် များ၏ မျှော်လင့်ချက်ကစားသမားတစ်ဦးဖြစ်နေပြီး ဆီဆေးက ''သူဟာ ပြိုင်ဘက်ကင်းတဲ့ ကစား သမားတစ်ယောက်ပါ။ ဆီနီဂေါအသင်းမှာ သူနဲ့ နှိုင်းယှဉ်လို့ရနိုင်တဲ့ကစားသမားမရှိပါဘူး။ ကျွန် တော်တို့က အသင်းလိုက်စုစည်းမှုကို အဓိကထားပေမယ့် သူက မရှိမဖြစ်ပါပဲ''ဟု ဆိုခဲ့သည်။
မာနေသည် နိုင်ငံအသင်းအတွက် (၄၉)ပွဲကစားပြီး (၁၄)ဂိုးသွင်းယူပေးထားသည်။