ယူရို ၂၀၁၆ ပြိုင်ပွဲတွင်မှ အဓိကဘောလုံးပြိုင်ပွဲများ၌ စတင်ယှဉ်ပြိုင်ခွင့်ရခဲ့သည့် အိုက်စလန်အသင်းကို နာမည်ကျော်တိုက်စစ်မှူးများဖြစ်သည့် စီရော်နယ်လ်ဒိုနှင့် မက်ဆီတို့မှာ ဂိုးသွင်းနိုင်ခြင်းမရှိကြောင်း သိရှိရသည်။
ပြီးခဲ့သည့် အာဂျင်တီးနား (၁-၁)အိုက်စလန်ပွဲစဉ်တွင် အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီသည် အိုက်စလန်အသင်း၏ ဂိုးပေါက်ကို (၁၁)ကြိမ်အထိ ကန်သွင်းခွင့်ရရှိခဲ့ သော်လည်း ဂိုးမရခဲ့သလို၊ ယူရို ၂၀၁၆ ပြိုင်ပွဲ အုပ်စုအဆင့် ပေါ်တူဂီ(၁-၁)အိုက်စလန် ပွဲစဉ်တွင်လည်း ပေါ်တူဂီအသင်း ခေါင်းဆောင် စီရော်နယ်လ်ဒိုသည် အိုက်စလန်အသင်းဘက်ကို ဂိုးပေါက်ကန်သွင်းခွင့် (၁၀)ကြိမ်အထိ ရရှိခဲ့သော်လည်း ဂိုးမရခဲ့ကြောင်း သိရှိရသည်။
မက်ဆီနှင့် စီရော်နယ်လ်ဒို နှစ်ဦးပေါင်း အိုက်စလန်အသင်းကို ဂိုးကန်သွင်းချက် (၂၁)ကြိမ် ရှိခဲ့သော်လည်း ဂိုးမရခဲ့သလို၊ အိုက်စလန်အသင်းကိုလည်း အာဂျင်တီးနားရော ပေါ်တူဂီအသင်းပါ သရေသာ ကစားနိုင်ခဲ့ကြောင်း သိရသည်။