ဖိနပ်ထောက်ပံ့မှုရပ်ဆိုင်းခဲ့သည့် Nike ကုမ္ပဏီကို အီရန်အသင်း ပရိသတ်များ လက်စားချေ

ဖိနပ်ထောက်ပံ့မှုရပ်ဆိုင်းခဲ့သည့် Nike ကုမ္ပဏီကို အီရန်အသင်း ပရိသတ်များ လက်စားချေ
Published 18 June 2018

 

Photo: AS

 

 

ကမ္ဘာ့ဖလားပြိုင်ပွဲ စတင်ရန်(၂)ပတ်အလိုတွင် ဖိနပ်ထောက်ပံ့မှု ရပ်ဆိုင်းခဲ့သည့် ကမ္ဘာကျော် အမေရိကန်အားကစားပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီ Nike ကို အီရန်အသင်းပရိသတ်များက လက်စားချေခဲ့ကြောင်း သိရှိရသည်။

ဖိနပ်ထောက်ပံ့မှုကို ရပ်ဆိုင်းခဲ့ခြင်းနှင့် Nike ကုမ္ပဏီက " အမေရိကန်က အီရန်နိုင်ငံကို ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့က အမေရိကန်ကုမ္ပဏီဆိုတော့ လက်ရှိအနေအထားမှာတော့ အီရန်လက်ရွေး စင်အသင်းကို ဘောကန်ဖိနပ်တွေ ထောက်ပံ့ပေးနိုင်မှာ မဟုတ်ပါဘူး" ဟု ထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့ဖလားပွဲစဉ်တွင် မော်ရိုကိုအသင်းကို (၁-ဝ)ဂိုးဖြင့် အနိုင်ရပြီးနောက် အီရန်အသင်းပရိသတ်များသည် အမေရိကန်ကုမ္ပဏီ Nike ကို လှောင်ပြောင်ခဲ့ကြခြင်း ဖြစ်သည်။ Nike ကုမ္ပဏီ၏ ဆောင်ပုဒ်ဖြစ်သည့် " WE JUST DID IT (ငါတို့ လုပ်လိုက်ပြီ) " ဆိုသော စာသားကို အီရန်အသင်းပရိသတ်များက " WE JUST DID IT WITHOUT YOU (မင်းမပါဘဲနဲ့ ငါတို့ လုပ်လိုက်ပြီ) " ဆိုပြီး Nike ၏ စာသားနောက်၌ WITHOUT YOU ဆိုသည့် စကားလုံးများကို ထည့်သွင်းကာ လူမှုကွန်ရက်စာမျက်နှာများတွင်တင်ကာ လက်စားချေခဲ့ခြင်း ဖြစ်သည်။

 

 

Most Read

Most Recent