မော်စကိုမြို့၏မြေအောက်ရထားများတွင် ကမ္ဘာ့ဖလားပွဲစဉ်များကို ပရိသတ်များ ကြည့်ရှုနိုင်ရန် တိုက်ရိုက်ထုတ်လွှင့် ပြသ

မော်စကိုမြို့၏မြေအောက်ရထားများတွင် ကမ္ဘာ့ဖလားပွဲစဉ်များကို ပရိသတ်များ ကြည့်ရှုနိုင်ရန် တိုက်ရိုက်ထုတ်လွှင့် ပြသ
Published 17 June 2018

 

Photo: Getty Images

 

ရုရှားနိုင်ငံ၏မြို့တော် မော်စကိုမြို့ရှိ မြေအောက်ရထားများတွင် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ပွဲစဉ်များကို ဘောလုံးပရိသတ်များအတွက် တိုက်ရိုက်ထုတ်လွှင့် ပြသမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမတင်မီက ရုရှားနိုင်ငံ၏ ကြိုတင်ပြင်ဆင်မှုများအပေါ် ဝေဖန်ခဲ့ကြသော်လည်း လက်ရှိကျင်းပလျက်ရှိ သော ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အဆင်ပြေနေပြီး ကမ္ဘာ့ဖလားပွဲစဉ်များကို မြေအောက်ရထား ပေါ်တွင်ပါ ပြသနေကြောင်း သိရသည်။

မော်စကိုမြို့ရှိ မြေ အောက်ရထားများတွင် ကမ္ဘာ့ဖလားပွဲစဉ်တိုင်းကို တီဗီများ၊ တက်ပလက်စ်များဖြင့် အချိန်နှင့် တပြေးညီ Live ထုတ် လွှင့်ပြသနေခြင်းဖြစ်ပြီး ဘောလုံးကြည့်ရှုရန် သီးသန့်အချိန်မပေးနိုင်သော အလုပ်သမားများနှင့် ဘောလုံးပရိသတ်များမှာ အဆင်ပြေစွာဖြင့် ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း သိရသည်။

အခြားနိုင်ငံများတွင် ဘောလုံးပွဲစဉ်များကို ကိုယ်ပိုင်ဖုန်းများဖြင့်သာ Live ကြည့်ရှုနိုင်သော်လည်း ရုရှားနိုင်ငံက မြေအောက်ရထားများတွင် ကမ္ဘာ့ဖလားပွဲစဉ်များကို တိုက်ရိုက်ထုတ်လွှင့်ပေးနေသည့်အတွက် မီဒီယာများကို ပရိသတ်များချီးကျူးခဲ့ကြသည်။

 

 

Most Read

Most Recent