အိုက်စလန်ကိုမနိုင်ခဲ့သော်လည်း စိုးရိမ်မှုမရှိဟု အဂွဲရိုး ပြောကြား

အိုက်စလန်ကိုမနိုင်ခဲ့သော်လည်း စိုးရိမ်မှုမရှိဟု အဂွဲရိုး ပြောကြား
Published 17 June 2018

 

Photo: Telegraph

 

အာဂျင်တီးနားအသင်းတိုက်စစ်မှူး အဂွဲရိုးက အဖွင့်ပွဲစဉ်တွင် အိုက်စလန်ကို သရေသာ ကစားနိုင်ခဲ့သော်လည်း စိုးရိမ်စရာမရှိဟု ပြောကြားခဲ့သည်။

အာဂျင်တီးနားအသင်း ည် အိုက်စလန်အသင်းကို အသာစီးမှ ကစားနိုင်သော်လည်း သရေတစ်မှတ်သာ ရရှိခဲ့သည်။

အဂွဲရိုးက " စိုးရိမ်စရာမရှိပါဘူး။ အားလုံးက ကျွန်တော်တို့အပေါ်မှာ မူတည်တယ်။ လာမယ့် (၂)ပွဲမှာ ကျွန်တော်တို့ (၆)မှတ်အထိ ရနိုင်တယ်။ ဂိုးရခဲ့တဲ့အတွက် ပျော်ပေမယ့် အသင်းနိုင်ပွဲရဖို့က ပိုအရေးကြီးပါတယ်။ အဖွင့် ပွဲစဉ်တိုင်းက ခက်ခဲပါတယ်။ ပယ်နယ်တီမှာတော့ ကံမကောင်းခဲ့ပါဘူး" ဟု ဆိုခဲ့သည်။