ထောင်ကျနေသည့် ဘရာဇီးလ်သမ္မတဟောင်းအား ရုပ်သံဌာနက အလုပ်ခန့်အပ်

ထောင်ကျနေသည့် ဘရာဇီးလ်သမ္မတဟောင်းအား ရုပ်သံဌာနက အလုပ်ခန့်အပ်
Published 17 June 2018

 

Photo: MercoPress

 

ဘရာဇီးလ်နိုင်ငံ ဆော်ပေါ်လိုမြို့အခြေစိုက် VTV Network ရုပ်သံဌာနသည် ထောင်ဒဏ်ကျခံနေရသည့် သမ္မတဟောင်း လူလာဒါဆေးလ်ဗားအား ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း ဘောလုံးအစီအစဉ်တင်ဆက်သူအဖြစ် အလုပ်ခန့်အပ်ထားကြောင်း သိရသည်။

ဘရာဇီးလ် နိုင်ငံသမ္မတအဖြစ် ၂၀၀၃ မှ ၂၀၁၀ ပြည့်နှစ်အဖြစ် ဆောင်ရွက်ခဲ့သူ လူလာ (၇၂ နှစ်) သည် ခြစားမှုကြောင့် ထောင်ဒဏ် (၁၂) နှစ် ချမှတ်ခံထားရသူဖြစ်သည်။ ၎င်းအား အလုပ်ခန့် အပ်ခြင်းနှင့်ပတ်သက်၍ ဝါရင့်ဂျာနယ်လစ်ဖြစ်သူ ဟိုဆေးတာယာနိုက " ဒါက ဟာသမဟုတ် ပါဘူး။ လူလာက သူ့ရဲ့သုံးသပ်ချက်တွေကို စာရေးပြီးတော့ ပို့ပေးမယ်။ ကျွန်တော်တို့က သူ ရေးထားတာတွေကို ရုပ်သံကတစ်ဆင့်၊ ရေဒီယိုကတစ်ဆင့် ပြန်ပြီးထုတ်လွှင့်ပေးပါမယ်" ဟု ပြောကြားခဲ့သည်။