တီဟီရန်ရှိပရိသတ်များ ရုပ်ရှင်ရုံနှင့် ကဖေးများတွင် သွားရောက်ကြည့်ရှုခဲ့ရ

တီဟီရန်ရှိပရိသတ်များ ရုပ်ရှင်ရုံနှင့် ကဖေးများတွင် သွားရောက်ကြည့်ရှုခဲ့ရ
Published 17 June 2018

 

Photo: AFP,The National

အီရန်နိုင်ငံ တီဟီရန်မြို့ရှိ ပရိသတ်များသည် အီရန်အသင်းနှင့် မော်ရိုကိုအသင်းတို့ ယှဉ်ပြိုင်ကစားသည့်ပွဲအား ရုပ်ရှင်ရုံနှင့် ကဖေးများတွင် သွားရောက် ကြည့်ရှုခဲ့ရကြောင်း သိရသည်။

မူလက ယင်းပွဲအား တီဟီရန်မြို့ရှိ အကြီးဆုံးဘောလုံးကွင်းဖြစ်သည့် Azadi ကွင်း၌ အမျိုးသားနှင့် အမျိုးသမီးများအပါအဝင် ကလေးငယ်များပါ အတူတကွစုဝေးကြည့်ရှု ခွင့်ပြုထားသော်လည်း ပွဲစခါနီးတွင် အစိုးရက အကြောင်းပြချက်မပေးဘဲ အစီအစဉ်ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဘားများတွင်လည်း ကြည့်ရှုခွင့်မပြုသောကြောင့် ပရိသတ်များအနေဖြင့် ရုပ်ရှင်ရုံနှင့် ကဖေးများတွင် သွားရောက်ကြည့်ရှုခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ အီရန်အသင်းသည် ပွဲပြီးခါနီးနာကျင်အချိန်ပိုတွင် မော်ရိုကိုနောက်ခံလူ ဘူဟတ်ဒူ ကိုယ့်ဂိုးကိုယ်သွင်းယူမိသည့်ဂိုးဖြင့် အနိုင်ရခဲ့ရာ ပရိသတ်များသည် လမ်းများပေါ်ထွက်၍ အလံများဝှေ့ရမ်းကာ ဗူဗူဇီလာများအား ကျယ် လောင်စွာမှုတ်၍ အောင်ပွဲခံခဲ့ကြောင်း သိရသည်။

အီရန်အသင်းသည် ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ပိုင်း နှစ် (၂၀) အကြာတွင် ပထမဆုံး နိုင်ပွဲပြန်လည်ရရှိခြင်းဖြစ်ပြီး အုပ်စု (B) တွင် သုံးမှတ်ဖြင့် စတင်ဦးဆောင်ခွင့်ရထားသည်။ ပွဲအပြီးတွင် နည်းပြဖြစ်သူ ကား လို့စ်ကွီရော့ဇ်က " မော်ရိုကိုနဲ့ပွဲက ကျွန်တော်တို့အတွက် ကမ္ဘာ့ဖလားဗိုလ်လုပွဲဆိုရင် စပိန်နဲ့ ကစားရမယ့်ပွဲက စကြဝဠာဗိုလ်လုပွဲလို့ဆို ရမှာပါ။ စူပါမန်းဆိုတာ ကာတွန်းထဲမှာပဲရှိပြီး ဘယ်ကစားသမားကမှ စူပါမန်းမဟုတ်ပါဘူး" ဟု ပြောကြားသည်။