အီဂျစ်-ဥရုဂွေးပွဲ၌ ထိုင်ခုံလွတ်များရှိနေသည့်အတွက် FIFA မှ စစ်ဆေးမည်

အီဂျစ်-ဥရုဂွေးပွဲ၌ ထိုင်ခုံလွတ်များရှိနေသည့်အတွက် FIFA မှ စစ်ဆေးမည်
Published 17 June 2018

 

Photo: Guardian

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) သည် အုပ်စု (A) ပွဲစဉ်အဖြစ် ဇွန် (၁၅) ရက်က အီဂျစ်အသင်းနှင့် ဥရုဂွေးအသင်းတို့ ယှဉ်ပြိုင်ကစားသည့်ပွဲ၌ ထိုင်ခုံလွတ်များရှိနေသည့်အတွက် စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယင်းပွဲအား Yekaterinburg မြို့ရှိ ပရိ သတ် (၃၃၀၆၁) ဦး ဝင်ဆံ့သည့်ကွင်း၌ ကျင်းပခဲ့ပြီး လက်မှတ်စောင်ရေ (၃၂၂၇၈) ရောင်းချထားသော်လည်း ကြည့်ရှုသူ (၂၇၀၁၅) ဦးသာ ရှိကြောင်း သိရသည်။ ထို့ပြင် ရုရှားနိုင်ငံသားများအတွက် ရောင်းချထားသည့် ကွင်းထောင့် နေရာများတွင် အီဂျစ်နှင့် ဥရုဂွေးပရိသတ်များ လာရောက်ကြည့်ရှုခဲ့သောကြောင့် FIFA က စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

" အီဂျစ်-ဥရုဂွေး ပွဲမှာရောင်းချထားတဲ့ လက်မှတ်အရေအတွက်နဲ့ အမှန်တကယ်လာကြည့်သူအရေအတွက်က ခြားနားမှုတွေရှိနေတယ်။ FIFA အနေနဲ့ ဒီကိစ္စကို စစ်ဆေးနေပါတယ်" ဟု FIFA ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။

Most Read

Most Recent