ဟောင်ကောင်တွင် ကမ္ဘာ့ဖလားပြိုင်ပွဲ လောင်းကစားပြုလုပ်သူများကို ဖမ်းဆီး

ဟောင်ကောင်တွင် ကမ္ဘာ့ဖလားပြိုင်ပွဲ လောင်းကစားပြုလုပ်သူများကို ဖမ်းဆီး
Published 14 June 2018

Photo: South China Morning Post

ဟောင်ကောင်တွင် ဇွန်(၁၃)ရက်ညက ကမ္ဘာ့ဖလားပြိုင်ပွဲအား တရားမဝင်လောင်းကစားပြုလုပ်သူများကို အထူးစီမံချက်အဖြစ် ဖမ်းဆီးခဲ့ရာ လူ(၄၅)ဦးကို လောင်းကစားပြုလုပ်ထားသောငွေကြေး ဒေါ်လာ(၉.၉)သန်း(ဟောင်ကောင်ဒေါ်လာ ၇၈ သန်း)နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဟောင်ကောင်ရဲတပ်ဖွဲ့က Blazespike ဟုအမည်ပေးထားသော စစ်ဆင်ဆေးတစ်ရပ်ဖြင့် စီးနင်းဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အမျိုးသား(၄၂)ဦး၊ အမျိုးသမီး(၃)ဦးကို ဖမ်းမိခဲ့သလို၊ ဟောင်ကောင်ဒေါ်လာ (၂.၅)သန်းဝန်းကျင် တန်ကြေးရှိသော ၎င်းတို့ အသုံးပြုသည့် ကွန်ပျူတာများနှင့် မူးယစ်ဆေးဝါးအချို့ကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။

ယခုစစ်ဆင်ရေးနှင့်အပြိုင် တရုတ်ရဲတပ်ဖွဲ့ကလည်း ၎င်းတို့နိုင်ငံဘက်ခြမ်းတွင် စီးနင်းဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ အမျိုးသား(၅)ဦးကို ဖမ်းမိခဲ့ကြောင်းလည်း သိရှိရသည်။

ဟောင်ကောင်တွင် ဖမ်းဆီးခံခဲ့ရသူများမှာ အသက်(၂၄)နှစ်မှ (၆၂)နှစ်အတွင်း ရှိသူများဖြစ်ပြီး နေရာ(၂၀)ကို တစ်ပြိုင်နက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

ဟောင်ကောင်တွင် တရားမဝင်လောင်းကစားပြုလုပ်သူများကို ပြင်းထန်သည့်ငွေဒဏ်၊ ထောင်ဒဏ်များ ချမှတ်လေ့ရှိသော်လည်း အမြစ်ပြတ်သွားခြင်းမရှိဘဲ ကမ္ဘာ့ဖလားကဲ့သို့ ဘောလုံးပြိုင်ပွဲကြီးများ ကျင်းပချိန်တွင် ပိုမိုခေါင်းထောင်လာသည့်အတွက် ယခုကဲ့သို့ စီမံချက်များချမှတ်ကာ နှိမ်နင်းနေရခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

ပြီးခဲ့သည့် ၂၀၁၄ ကမ္ဘာ့ဖလားကာလကလည်း ဟောင်ကောင်တွင် ဘောလုံးပွဲလောင်းကစားခြင်းမှ ဟောင်ကောင်ဒေါ်လာသန်း(၇၅၀)အထိ စံချိန်တင်ဖမ်းမိခဲ့ကြောင်း သိရှိရသည်။

Most Read

Most Recent