စပိန်အသင်းနည်းပြအဖြစ် ဂန္ထဝင်နောက်ခံလူ ဟီယာရို တာဝန်ယူမည်

စပိန်အသင်းနည်းပြအဖြစ် ဂန္ထဝင်နောက်ခံလူ ဟီယာရို တာဝန်ယူမည်
Published 14 June 2018

Photo:AFP

ရီးယဲလ်နှင့် စပိန်ဂန္ထဝင်နောက်ခံလူ ဖာနန်ဒိုဟီယာရိုသည် ကမ္ဘာ့ဖလားကာလအတွင်း စပိန်အသင်းနည်းပြအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF)သည် လိုပယ်တယ်ဟီအား ရာထူးမှထုတ်ပယ်ပြီးနောက် အသင်းအားကစားဒါရိုက်တာဖြစ်သူ ဟီယာရိုနှင့် အမြန်အစားထိုးခဲ့ခြင်းဖြစ်သည်။

(၅၀)နှစ်အရွယ်ရှိ ဟီယာရိုမှာ စပိန်လက်ရွေးစင်အသင်းအတွက် (၈၉)ပွဲကစားခဲ့သော်လည်း ၎င်း၏နည်းပြအတွေ့အကြုံမှာ စပိန်ကလပ် ရီးယဲလ်အိုဗီယေဒိုအသင်းကို (၁)နှစ်ကိုင်တွယ်ဖူးခြင်းသာရှိသည်။

နည်းပြဟောင်း လိုပယ်တယ်ဟီမှာ ရီးယဲလ်နည်းပြသစ်အဖြစ် တရားဝင်ကြေညာခြင်းမခံရမီ (၅)မိနစ်အလိုတွင်မှ သူ့အား အသိပေးခဲ့ကြောင်းလည်း RFEFဥက္ကဋ္ဌ ရူဘီယာလက်စ်က ဖွင့်ဟခဲ့သည်။

ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်ကစားရန် (၂)ရက်အလိုတွင် စပိန်အသင်းတွင်း မတည်ငြိမ်သည့်အခြေအနေများကြောင့် ရေပန်းစားမှုတွင် လျော့ကျသွားခဲ့ပြီး လောင်းကစားဒိုင်အများစု၌ ပြင်သစ်နောက် နံပါတ်(၄)နေရာသို့ ကျဆင်းခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent