ပြင်သစ်အသင်းကို ကိုင်တွယ်ရန်အတွက် ရီးယဲလ်ကို စွန့်ခွာခြင်းမဟုတ်ဟု ဇီဒန်းပြောကြား

ပြင်သစ်အသင်းကို ကိုင်တွယ်ရန်အတွက် ရီးယဲလ်ကို စွန့်ခွာခြင်းမဟုတ်ဟု ဇီဒန်းပြောကြား
Published 13 June 2018

 

 

Photo: AFP

နာမည်ကျော်ပြင်သစ်နည်းပြ ဇီဒန်းက ရီးယဲလ်မက်ဒရစ်အသင်းကို စွန့်ခွာခဲ့ခြင်းမှာ နိုင်ငံလက်ရွေးစင်အသင်းကို ကိုင်တွယ်ရန်အတွက်မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ ထို့ပြင် ဇီဒန်းက နည်းပြဘဝသို့ ချက် ချင်းပြန်လာရန် အစီအစဉ်မရှိကြောင်းလည်း ဝန်ခံခဲ့သည်။

"ကျွန်တော် ဘယ်သွားမလဲဆိုတာ ကျွန်တော်ကိုယ်တိုင်မသိပါဘူး။ အရေးကြီးဆုံးအရာတစ်ခုကိုတော့ ဆုံးဖြတ်ချက်ချပြီးခဲ့ပါပြီ။ အခုတော့ အနားယူဦးမှာပါ" ဟု ပြင်သစ်သို့ရောက်ရှိနေသည့် ဇီဒန်းက ပြောကြားခဲ့သည်။

လက်ရှိပြင်သစ်နည်းပြ ဒက်ချမ့်စ်မှာ အသင်းနှင့် ယူရို-၂၀၂၀ ပြိုင်ပွဲအပြီးထိ စာချုပ်သက်တမ်းရှိနေပြီး ဒက်ချမ့်စ်ကိုယ်တိုင်က ဇီဒန်းမှာ တစ်နေ့နေ့တွင် ပြင်သစ်နည်းပြ ဖြစ်လာရန် သေချာသည်ဟု မှတ်ချက်ပြုခဲ့သည်။ အသင်းဖော်ဟောင်းတစ်ဦးဖြစ်သူ ပီရက်စ်ကမူ ဇီဒန်းကို ပရီးမီးယားလိဂ်တွင်သွား ရောက်နည်းပြရန် တိုက်တွန်းထားခဲ့သည်။

Most Read

Most Recent