ပြိုင်ပွဲမတိုင်မီကမှ သက်တမ်းတိုးစာချုပ်ချုပ်ဆိုထားသည့် ဂျာမနီနည်းပြ ယော်ကင်လိုး ရာထူးမှ နုတ်ထွက်ရန် စဉ်းစားနေပြီး အိုဇေးလ်နှင့် အသင်းဖော်များကို ဝေဖန်ပြစ်တင်

ပြိုင်ပွဲမတိုင်မီကမှ သက်တမ်းတိုးစာချုပ်ချုပ်ဆိုထားသည့် ဂျာမနီနည်းပြ ယော်ကင်လိုး ရာထူးမှ နုတ်ထွက်ရန် စဉ်းစားနေပြီး အိုဇေးလ်နှင့် အသင်းဖော်များကို ဝေဖန်ပြစ်တင်
Published 29 June 2018

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီကမှ  သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့သည့် ဂျာမနီ အသင်းနည်းပြ ယော်ကင်လိုးသည် သူတို့အသင်း အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရပြီးနောက် ရာထူးမှနုတ်ထွက်ရန် စဉ်းစားနေပြီး အိုဇေးလ် နှင့် ဂျာမနီအသင်းဖော်များကိုလည်း ဝေဖန်ပြစ်တင်မှုများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီကမှ  သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့သည့် ဂျာမနီ အသင်းနည်းပြ ယော်ကင်လိုးသည် သူတို့အသင်း အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရပြီးနောက် ရာထူးမှနုတ်ထွက်ရန် စဉ်းစားနေပြီး အိုဇေးလ် နှင့် ဂျာမနီအသင်းဖော်များကိုလည်း ဝေဖန်ပြစ်တင်မှုများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

Photo. AFP

ရုရှားနိုင်ငံ ကာဇန်မြို့တွင် ကစားခဲ့သည့် ဂျာမနီအသင်းနှင့် တောင်ကိုရီးယားအသင်း တို့ပွဲစဉ်တွင် ဂျာမနီအသင်းသည် အနိုင်ရရုံ ဖြင့် နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်သော်လည်းတောင်ကိုရီးယား အသင်းကို နောက်ဆုံးမိနစ် သွင်းဂိုး (၂)ဂိုးဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်းလည်းဖြစ်သည်။ ယင်း အတွက်ကြောင့် ယော်ကင်လိုးက သူ၏ အနာဂတ်နှင့်ပတ်သက်၍ ပြန်လည်စဉ်းစားနေပြီဟု ဝန်ခံခဲ့ပြီး မကြာမီ ရာထူးမှနုတ်ထွက် ဖွယ်ရှိနေပြီဟု ဂျာမနီသတင်းစာ Bild က ဖော်ပြခဲ့ခြင်းဖြစ်သည်။ ဂျာမနီအသင်းသည် ယခုကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ဆွီဒင်အသင်းနှင့် ကစားခဲ့သည့် ပွဲတစ်ပွဲတွင်သာ အနိုင်ရရှိခဲ့ပြီး သွင်းဂိုးများကို လည်း ယင်းပွဲတစ်ပွဲတွင်သာ သွင်းယူနိုင်ခဲ့ သည်။

အုပ်စုအဖွင့်ပွဲစဉ်တွင် မက္ကဆီကိုအသင်းကို (ဝ-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သလို အုပ်စု နောက်ဆုံးပွဲစဉ်တွင် တောင်ကိုရီးယားအသင်းဘက်သို့ တစ်ဂိုးမှ မသွင်းနိုင်ဘဲ ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ ယင်းအခြေအနေမှာ ခြေစစ်ပွဲအဆင့်တွင် ဂိုးအများဆုံးသွင်း ယူခဲ့သည့် အခြေအနေနှင့် များစွာကွာခြားနေသလို (၃)ပွဲစလုံးတွင် ဦးဆောင်ဂိုးတစ်ဂိုးမှ မသွင်းနိုင်ခဲ့ဘဲ ပွဲတိုင်း ပြိုင်ဘက်အသင်းများ၏ ဦးဆောင်ဂိုးသွင်းခြင်းကိုလည်း ခံခဲ့ရသည်။  ယော်ကင်လိုးက "ပြိုင်ပွဲက ထွက်ခွာခဲ့ရခြင်းအတွက် ကျွန်တော်အပြည့်အဝတာဝန်ယူပါတယ်။ ဒီအသင်းမှာ ဆက်ရှိ၊ မရှိဆိုတာ နဲ့ပတ်သက်ပြီး ကျွန်တော် အခုအချိန်မှာ ဘာမှ မပြောချင်သေးပါဘူး။ ကျွန်တော့်ရဲ့ အနာဂတ်ကို စဉ်းစားပါဦးမယ်"ဟု ဆိုခဲ့သည်။

ယော်ကင်လိုးသည် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည့် အခြေအနေနှင့် ပတ်သက်၍လည်း "ဒဏ်ရာနဲ့ ပွဲပယ်ပြဿနာတွေကြောင့် အသင်းကို အပြောင်းအလဲအနည်းငယ်ပြုလုပ်ခဲ့ရပြီး မူလာကိုလည်း ရှေ့ပွဲနှစ်ပွဲက ခြေစွမ်းကြောင့် ဒီပွဲမှာ ကျွန်တော် မသုံးခဲ့တာပါ။ ကျွန်တော်အသုံးပြုခဲ့တဲ့လူစာရင်းဟာ မှန်ကန်တယ် လို့ ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကစားသမားတွေဟာ သူတို့ ကစားနိုင်တဲ့ခြေစွမ်းမျိုးကို မပြသနိုင်ခဲ့သလို သူတို့ကစားနေကြတဲ့ အဆင့်အတန်းမျိုးမှာလည်း မရှိခဲ့ပါဘူး။ အိုဇေးလ် ရဲ့ ခြေစွမ်းတင်မဟုတ်ဘဲ တခြားအသင်းဖော်တွေရဲ့ ခြေစွမ်းကလည်း အားရစရာမရှိခဲ့ပါဘူး။ တောင်ကိုရီးယားလိုအသင်းကို မထိန်း ချုပ်နိုင်တဲ့အချိန်မှာ ကျွန်တော် အံ့ဩခဲ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ဂျာမနီအသင်း အခုလို ကြုံတွေ့ခဲ့ရတဲ့အတွက် ကျွန်တော့်မှာတာဝန် ရှိပါတယ်"ဟု ပြောကြားခဲ့သည်။

Most Read

Most Recent