ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ခြေစွမ်းပြနေတဲ့ မြန်မာ ယူ-၂၂ အသင်းဟာ ဆီမီးဖိုင်နယ်တက်ရောက်ပြီးဖြစ်ပေမယ့် အုပ်စုပထမနေရာအတွက် အိမ်ရှင်မလေးရှားအသင်းနဲ့ ယနေ့ ယှဉ်ပြိုင်ကစားရမှာဖြစ် ပါတယ်။ မြန်မာ ယူ-၂၂ အသင်းရဲ့ လက်ရှိခြေစွမ်း၊ မလေးရှားအသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်ထားမှု၊ ဒီပြိုင်ပွဲမှာ အောင်မြင်မှုရဖို့ ကြိုးစားနေတာတွေနဲ့ ပတ်သက်ပြီး နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်ကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
မြန်မာ ယူ-၂၂ နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်နှင့် တွေ့ဆုံခြင်း။
မေး - အုပ်စုပွဲတွေမှာ သုံးပွဲဆက်တိုက် အနိုင်ရထားတဲ့ အသင်းအပေါ် အားရကျေနပ်မှုရှိပါသလား။
ဖြေ - လက်ရှိအသင်းအနေအထားကို အားရကျေနပ်ပါတယ်။ တစ်ပွဲထက်တစ်ပွဲ တိုးတက်မှုအများ ကြီးရှိလာပါတယ်။ လာအိုနဲ့ပွဲမှာ အကောင်းဆုံးပုံစံမရခဲ့တဲ့ အသင်းအနေအထားက ဘရူနိုင်းနဲ့ပွဲမှာ ပုံစံကောင်းပြသနိုင်ခဲ့ပါတယ်။ အုပ်စုပွဲ သုံးပွဲမှာ ဘရူနိုင်းနဲ့ပွဲက အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပါတယ်။
မေး - ဒီပြိုင်ပွဲမှာ ခြေစွမ်းပြနေတဲ့ အောင်သူနဲ့ ပတ်သက်ပြီး သုံးသပ်ပေးပါဦး။
ဖြေ - အောင်သူဟာ အလားအလာအများကြီးရှိတဲ့ ကစားသမားတစ်ဦးပါ။ သူကို ကျွန်တော်ကိုင်တွယ် လာတာ တော်တော်ကြာပါပြီ။ သူဟာ တစ်နှစ်ထက် တစ်နှစ်အများကြီး တိုးတက်လာပါတယ်။ ပြိုင်ပွဲ မှာ ခြေစွမ်းပြကစားနေတဲ့ ကျေနပ်မိပါတယ်။ သူဟာ ဒီထက်ပိုပြီး အများကြီးလုပ်ပြနိုင်ပါဦးမယ်
မေး - မြန်မာအသင်းဟာ ဆီမီးဖိုင်နယ် တက်ရောက်ပြီးဖြစ်တာကြောင့် မလေးရှားအသင်းနဲ့ ကစားမယ့် အုပ်စုနောက်ဆုံးပွဲ မှာ ပွဲထွက်လူစာရင်းကို အပြောင်းအလဲလုပ်ဖို့ ရှိနိုင်မလား။
ဖြေ - ပုံမှန်ပွဲထွက်နေတဲ့ ကစားသမားအများစုနဲ့ပဲ ပွဲထွက်မှာပါ။ အောင်သူအပါအဝင် အဓိက ကစား သမားတွေကို အသုံးပြုမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့က ဆီမီးဖိုင်နယ်တက်ရောက်ပြီးဖြစ်တာကြောင့် ဖိအား တော့ မရှိတော့ပါဘူး။ ဒါကြောင့် အကောင်းဆုံးပုံစံနဲ့ ကစားနိုင်မှာပါ။
မေး - ဆီမီးဖိုင်နယ်တက်ရောက်ပြီးဖြစ်တာကြောင့် ဘယ်အသင်းနဲ့ တွေ့ဆုံချင်ပါသလဲ။
ဖြေ - ဆီမီးဖိုင်နယ်အဆင့် ရောက်ပြီဆိုကတည်းက ဘယ်အသင်းနဲ့တွေ့တွေ့ ခက်ခဲမှာပါ။ ဒါပေမဲ့ ဗီယက်နမ်အသင်းနဲ့တော့ မတွေ့ချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဗီယက်နမ်အသင်းက ဒီပြိုင်ပွဲယှဉ် ပြိုင်နေတဲ့အသင်းတွေထဲမှာ အကောင်းဆုံးအသင်းပါ။
မေး - မြန်မာအသင်းဟာ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ အောင်မြင်မှုနဲ့ ဝေးကွာနေတာကြာပါပြီ။ ဒီနှစ်မှာ ရွှေတံဆိပ် ပြန်လည်ရယူနိုင် မယ်လို့ ထင်ပါသလား။
ဖြေ - မြန်မာအသင်းကို ကိုင်တွယ်တိုင်း အောင်မြင်မှုရယူပေးချင်တာ ကျွန်တော်ရဲ့ ခံယူချက်ပါ။ ဒါကြောင့် ဒီပြိုင်ပွဲမှာ အောင်မြင်မှုရဖို့ရည်ရွယ်ပြီး ပြင်ဆင်လာတာပါ။ ရွှေတံဆိပ်ရဖို့အတွက်ဆိုရင် တော့ လက်ရှိအနေအထားနဲ့တော့ ကျေနပ်နေလို့ မရပါဘူး။ ပိုကောင်းတဲ့အသင်းတွေနဲ့ တွေ့ရမှာဖြစ် တာကြောင့် ဒီထက်ပိုကောင်းအောင် ပြင်ဆင်သွားမှာပါ။
ညီညီစိုးညွန့်