ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့သည့်အတွက် ကျေနပ်မိကြောင်း ဂတ်ဖရိုင်းဒရစ် ပြောကြား

ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့သည့်အတွက် ကျေနပ်မိကြောင်း ဂတ်ဖရိုင်းဒရစ် ပြောကြား
Published 19 August 2017

Photo - ညီညီစိုးညွန့်

မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့သည့်အတွက် ကျေနပ်မိကြောင်း ပြောကြားခဲ့သည်။ မြန်မာ ယူ-၂၂ အသင်းသည် အုပ်စုပွဲစဉ် တစ်ပွဲကစားရန် ကျန်သေးသော်လည်း သုံးပွဲစလုံးအနိုင်ရကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

ဂတ်ဖရိုင်းဒရစ်က '' ပထမပိုင်းမှာ ကစားပုံနှေးကွေးခဲ့ပေ မယ့် ဒုတိယပိုင်းမှာတော့ ကစားသွားတဲ့ခြေစွမ်းကို အားရ ကျေနပ်ပါတယ်။ ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် လွယ်ကူတဲ့ပွဲတော့ မဟုတ်ပါဘူး။ ခက်ခက်ခဲခဲကစားပြီးမှ အနိုင်ရခဲ့တာဖြစ်ပါ တယ်။ အသင်းရဲ့ ခြေစွမ်းကတော့ တစ်ပွဲထက်တစ်ပွဲ ပိုကောင်း လာပါတယ်။ မလေးရှားအသင်းနဲ့ပွဲမှာလည်း ရလဒ်ကောင်း ရအောင် ကြိုးစားသွားမှာပါ။ဆီမီးဖိုင်နယ်သို့ တက်ရောက် နိုင်ခဲ့လို့ ကျေနပ်ပါတယ်'' ဟု ပြောကြားသည်။ မြန်မာ ယူ-၂၂ အသင်းသည် ယခုပြိုင်ပွဲတွင် ခြေစွမ်းပြကစားလျက်ရှိ ပြီး သုံးပွဲကစားအပြီးတွင် ၁၁ ဂိုးသွင်းယူထားပြီး တစ်ဂိုးသာ ပေးထားရသည်။

မြန်မာအသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် နှစ်ကြိမ်ဆက်တိုက် ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့ခြင်းဖြစ် ပြီး ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် စင်ကာပူဆီးဂိမ်းစ်ပြိုင်ပွဲတွင် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့သည်။မြန်မာအမျိုးသားဘောလုံး အသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ရယူနိုင်ခြင်း မရှိသည်မှာကြာမြင့်နေပြီဖြစ်ပြီး ယခုနှစ်တွင် ဗိုလ်စွဲရန် မျှော် မှန်းထားကြောင်း သိရသည်။

Most Read

Most Recent