မြန်မာ ယူ-၂၂ အသင်းတိုက်စစ်မှူး အောင်သူသည် လက်ရှိကျင်းပနေသည့် (၂၉) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ အုပ်စုတတိယပွဲ စဉ်များအပြီးတွင် သုံးပွဲဆက်ဂိုးသွင်းနိုင်သူ အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
အောင်သူသည် သြဂုတ် ၁၈ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဘရူနိုင်းအသင်းနှင့် ပွဲတွင် တစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး သုံးပွဲကစား လေးဂိုးသွင်းယူထားသည်။ အောင်သူသည် စင်ကာပူ၊ လာအိုနှင့် ဘရူနိုင်းအသင်းတို့နှင့် ပွဲများတွင် သုံးပွဲဆက် ဂိုးသွင်းနိုင်ခဲ့ခြင်းဖြစ် ပြီး သွင်းဂိုးအများဆုံးဆုအတွက်လည်း ရေပန်း စားလာခဲ့သည်။
ထို့ပြင် အောင်သူသည် သုံးပွဲ စလုံးတွင် အဖွင့်ဂိုးများ သွင်းယူနိုင်ခဲ့ခြင်းဖြစ် ပြီး ထူးခြားသည့်မှတ်တမ်းတစ်ခုလည်းဖြစ်ခဲ့သည်။ အောင်သူသည် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခြင်း ဖြစ်ပြီး ခြေစွမ်းပြကစားကာ ဂိုးများသွင်းယူ လျက်ရှိသည်။ အောင်သူသည် လက်ရှိမြန်မာ့ လက်ရွေးစင်အသင်း၏ အဓိကတိုက်စစ်မှူး တစ်ဦးဖြစ်ပြီး အာဆီယံ လူငယ်အကောင်း ဆုံးဘောလုံးသမားဆုကို နှစ်ကြိမ်ဆက်တိုက် ရရှိထားသူဖြစ်သည်။
အောင်သူသည် အာဆီယံ ဒေသတွင်း၌ ကျင်းပလျက်ရှိသည့် ပြိုင်ပွဲများ အားလုံးတွင် ဂိုးသွင်းနိုင်သူအဖြစ်လည်း မှတ် တမ်းဝင်ထားသည်။