ဆီးဂိမ်းစ်အမျိုးသမီးဘောလုံးပွဲစဉ် ပွဲကြိုသုံးသပ်ချက်

ဆီးဂိမ်းစ်အမျိုးသမီးဘောလုံးပွဲစဉ် ပွဲကြိုသုံးသပ်ချက်
Published 15 August 2017

■ မြန်မာ - ထိုင်း
အချိန် - မွန်းလွဲ ၂း၃၀ နာရီ (မြန်မာစံတော်ချိန်)၊ ကွင်း -UM

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် နှစ်သင်းနောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
မြန်မာ ၂-၂ ထိုင်း ၂၀၁၃ ပြိုင်ပွဲ
(ပယ်နယ်တီအဆုံးအဖြတ် ၉-၈ ဂိုးဖြင့် ထိုင်းအသင်းအနိုင်ရ)

နှစ်သင်းစလုံးအတွက် အရေးပါတဲ့ပွဲဖြစ်ပါတယ်။ အဖွင့်ပွဲမှာ အနိုင်ရမှ ရွှေတံဆိပ်ရဖို့ မျှော်လင့်ချက်ရှိမှာပါ။ ပထမဆုံးပွဲဖြစ်တာကြောင့် နှစ်သင်းစလုံး အင်ပြည့်အားပြည့် ယှဉ် ပြိုင်ကစားနိုင်မှာဖြစ်ပြီး မြန်မာအသင်းအနေနဲ့ ရွှေတံဆိပ်မျှော်လင့်ချက်အတွက် အားကုန် ထုတ်ကစားမှာပါ။ ဆီးဂိမ်းစ်ပြိုင်ပွဲ တွေ့ဆုံမှုအစဉ်အလာအရ နှစ်သင်းစလုံးအသာမရသေး ဘဲ ကိုးကြိမ်မြောက် တွေ့ဆုံမှုမှာ ဘယ်အသင်းအနိုင်ရမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါ တယ်။ လက်ရှိခြေစွမ်းအရ ကွာခြားမှုမရှိပေမယ့် အမှားနည်းခဲ့မယ်ဆိုရင် မြန်မာအသင်း အမှတ်ပြည့်ရမှာပါ။

Most Read

Most Recent