မြန်မာအမျိုးသမီးအသင်းနည်းပြချုပ် ရော်ဂျာရိုင်နာက ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် အဖွင့်ပွဲအတွက် ယုံကြည်မှု ရှိကြောင်း ပြောကြားခဲ့သည်။
ရော်ဂျာက "မြန်မာအမျိုးသမီးအသင်း ကို ကိုင်တွယ်နေတဲ့ကာလအတွင်းမှာ ထိုင်း နဲ့ မကြာခဏတွေ့ဆုံဖူးပါတယ်။ ထိုင်းအသင်း ကို ဘယ်လိုကစားရမလဲဆိုတာလည်း ကောင်း ကောင်းသိပါတယ်။ ထိုင်းအသင်းမှာ ပြီးခဲ့တဲ့ မတ်လက မြန်မာနိုင်ငံမှာ ခြေစမ်းပွဲ လာရောက် ကစားခဲ့တဲ့ ကစားသမားအများစုပဲ ပါလာမှာ ပါ။ ဒါကြောင့် ဘယ်လိုကစားရမလဲဆိုတာ ပြင်ဆင်ပြီးသွားပါပြီ။ ထိုင်းနဲ့ပွဲအတွက် ယုံ ကြည်မှုအပြည့်ရှိသလို ကစားသမားတွေ အနေနဲ့လည်း ယုံကြည်မှုကို ခြေစွမ်းနဲ့ သက် သေပြနိုင်မယ်လို့ ထင်ပါတယ်။ ပတ်လည် စနစ်နဲ့ ကစားရမှာဖြစ်လို့ ပွဲတိုင်းက အရေးပါ ပေမယ့် ချန်ပီယံဆုမျှော်လင့်နိုင်တဲ့အသင်း က အများကြီးမရှိပါဘူး။ ကျွန်တော်တို့ရဲ့ အဓိကပြိုင်ဘက်က ထိုင်းနဲ့ ဗီယက်နမ်ပါ။ ဒီလိုပြောလို့ မလေးရှားနဲ့ ဖိလစ်ပိုင်ကို လျော့ တွက်တာမဟုတ်ပါဘူး။ သူတို့က တစ်ပွဲကောင်း လုပ်ပြနိုင်ပေမယ့် ရွှေဆုရယူနိုင်ဖို့အထိတော့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ချန်ပီယံဆုအတွက် အရေးပါတဲ့ ပထမပွဲမှာ အနိုင်ရအောင် ကြိုး စားသွားမှာပါ"ဟု ပြောကြားသည်။
မြန်မာ အမျိုးသမီးအသင်းနည်းပြချုပ် ရော်ဂျာ လက် ထက်တွင် ထိုင်းအသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲ၊ ပြိုင်ပွဲတစ်ပွဲ တွေ့ဆုံခဲ့ရာ တစ်ပွဲနိုင်၊ တစ်ပွဲ သရေ၊ တစ်ပွဲရှုံးနိမ့်ထားသည်။