ကာကွယ်ရေးဦးစီးချုပ် (လေ) ပြောင်းလဲခန့်အပ်ကြောင်း ထုတ်ပြန်

ကာကွယ်ရေးဦးစီးချုပ် (လေ) ပြောင်းလဲခန့်အပ်ကြောင်း ထုတ်ပြန်
Published 2 January 2018

သက်ပြည့် အငြိမ်းစားယူသွားသည့် ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၏ နေရာတွင် လေ-၁၉၂၅ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်အား ကာကွယ်ရေးဦးစီးချုပ် (လေ) အဖြစ် ယနေ့ (ဇန်နဝါရီ ၂ ရက်) တွင် ခန့်အပ်တာဝန်ပေးအပ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်ခဲ့သည်။

ယနေ့နံနက်ပိုင်းတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပြောင်းလဲ ခန့်အပ်ခဲ့သည့် ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်တို့သည် နိုင်ငံတော်သမ္မတရုံးသို့ သွားရောက်၍ နိုင်ငံတော်သမ္မတ ဦးထင်ကျော်အား ဂါရဝပြုတွေ့ဆုံခဲ့ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။