ဟတ်ဒါဖီးလ်အသင်းသည် ၁၉၉၂-၉၃ ရာသီမှစတင်ပြီး ပရီးမီးယားလိဂ်ဟုအမည်ပြောင်းလဲပြီးနောက် ပြိုင်ပွဲသမိုင်းတွင် မတ်လအတွင်း တန်းဆင်းခဲ့ရသည့် ဒုတိယမြောက်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
ဟတ်ဒါဖီးလ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၃၂)တွင် ခရစ္စတယ်ပဲလေ့စ်အသင်းကို အဝေးကွင်းတွင် (၀-၂)ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှ တန်းဆင်းခဲ့ရကြောင်းသိရသည်။
ဟတ်ဒါဖီးလ်အသင်းအနေဖြင့် ပရီးမီးယားလိဂ်ပွဲစဉ် (၃၂)ပွဲကစားအပြီးတွင် ရမှတ် (၁၄)မှတ်သာရရှိထားပြီး အဆင့်(၁၇)နေရာမှာ ဘန်လေအသင်း (၃၃မှတ်)နှင့် (၁၉)မှတ်အထိကွာဟသွားခဲ့သည်။
ထို့ကြောင့် ဟတ်ဒါဖီးလ်အသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲပြီးဆုံးရန် (၆)ပွဲအလိုမှာပင် တန်းဆင်းခဲ့ရခြင်းဖြစ်သည်။
ဟတ်ဒါဖီးလ်အသင်းသည် ၁၉၉၂-၉၃ ရာသီမှစတင်ပြီး ပရီးမီးယားလိဂ်ဟုအမည်ပြောင်းလဲပြီးနောက် ပြိုင်ပွဲသမိုင်းတွင် မတ်လအတွင်း တန်းဆင်းခဲ့ရသည့် ဒုတိယမြောက်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
ယခင်ကယင်းမှတ်တမ်းကို ပိုင်ဆိုင်ထားသည့်အသင်းမှာ ဒါဘီအသင်းဖြစ်ပြီး ၂၀၀၇-၀၈ ရာသီက ဟတ်ဒါဖီးလ်အသင်းကဲ့သို့ပင် ပရီးမီးယားလိဂ်ပွဲစဉ် (၃၂)အပြီးတွင် တန်းဆင်းခဲ့ရခြင်းဖြစ်သည်။
ဟတ်ဒါဖီးလ်အသင်းသည် ၂၀၁၇-၁၈ ဘောလုံးရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲသို့ စတင်တန်းတက်လာခဲ့ပြီး ယင်းရာသီတွင် အဆင့် (၁၆)နေရာ၌ ရပ်တည်နိုင်ခဲ့သည်။
သို့သော် ဟတ်ဒါဖီးလ်အသင်းသည် ယခုရာသီတွင် ခြေစွမ်းတောက်လျှောက်ကျဆင်းခဲ့ပြီး ပြီးခဲ့သည့် ဇန်နဝါရီကမှ အသင်းနည်းပြဖြစ်သူ ဝက်ဂ်နာနှင့် လမ်းခွဲခဲ့ကာ ဂျန်ဆီဝက်စ်ကို ခန့်အပ်ခဲ့သော်လည်း ဂျန်ဆီဝက်စ်အနေဖြင့် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ခြင်းမရှိပေ။
ဟတ်ဒါဖီးလ်အသင်းသည် နည်းပြဂျန်ဆီဝက်စ်လက်ထက် ပရီးမီးယားလိဂ်ပွဲစဉ် (၉)ပွဲတွင် (၁)ပွဲသာအနိုင်ရရှိခဲ့ပြီး (၈)ပွဲအထိရှုံးနိမ့်ခဲ့ခြင်းကြောင်း ရာသီကုန်ဆုံးရန် (၆)ပွဲအလိုမှာပင် တန်းဆင်းခဲ့ရခြင်းဖြစ်သည်။