ယခုနှစ်မန္တလေးသင်္ကြန်တွင် ရပ်ကွက်အလိုက်ယိမ်းပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ပြီး ယှဉ်ပြိုင်မည့်ယိမ်းအဖွဲ့တစ်ဖွဲ့လျှင် ကျပ်ငါးသိန်း ကြိုတင်ချီးမြှင့်

ယခုနှစ်မန္တလေးသင်္ကြန်တွင် ရပ်ကွက်အလိုက်ယိမ်းပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ပြီး ယှဉ်ပြိုင်မည့်ယိမ်းအဖွဲ့တစ်ဖွဲ့လျှင် ကျပ်ငါးသိန်း ကြိုတင်ချီးမြှင့်
Published 28 March 2019
ယဉ်မျိုးသွယ်

ယခုနှစ်မန္တလေးသင်္ကြန်တွင် ရပ်ကွက်အလိုက် ယိမ်းပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ပြီး ယှဉ်ပြိုင်မည့်ယိမ်းအဖွဲ့တစ်ဖွဲ့လျှင် ငွေကျပ်ငါးသိန်း ကြိုတင်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။

မန္တလေးသင်္ကြန်တွင် ရှေးအစဉ်အဆက် ကျင်းပခဲ့သည့် ရပ်ကွက်ယိမ်းကအဖွဲ့များ ပျောက်ကွယ်နေသည်ကို ပြန်လည်ဖော်ထုတ်နိုင်ရန် ရည်ရွယ်ပြီး ယခုနှစ်သင်္ကြန်၌ထည့် သွင်းကျင်းပရခြင်းဖြစ်ကာ ယှဉ်ပြိုင်သူများအတွက် အထောက်အပ့ံဖြစ်စေရန်အလို့ငှာ တစ်ဖွဲ့လျှင် ငွေကျပ်ငါးသိန်းစီကြိုတင်ချီးမြှင့် ရခြင်းဖြစ်သည်ဟုလည်း သိရသည်။

“ရပ်ကွက်အလိုက် ယိမ်းအကတွေပြန် လည်ပေါ်ထွက်စေဖို့ ကျင်းပရခြင်းဖြစ်ပါတယ်။ ဒါကြောင့် ယှဉ်ပြိုင်မယ့်အဖွဲ့တစ်ဖွဲ့ကို ကြိုတင်ထောက်ပံ့ချီး မြှင့်ငွေကျပ်ငါးသိန်းပေးခြင်း ဖြစ်ပါတယ်။ ယှဉ်ပြိုင်မယ့် ယိမ်းအဖွဲ့ရဲ့သီချင်းက ကိုယ်ပိုင်သီချင်းဆိုရင် အမှတ်ပိုရတာမျိုး၊ အဖွဲ့ရဲ့ကကြိုးကွက် ညီညာလှပမှု၊ ကကွက်တွေ တီထွင်ဆန်းသစ်မှု စတာတွေကို ကြည့်ပြီး အမှတ်ပေးသွားပါမယ်။ ကော်မတီက သတ်မှတ်ဆုကြေးအပြင် နောက်ထပ်သီး ခြားထပ်ဆောင်းချီးမြှင့်ဖို့ ကမ်းလှမ်းမှုတွေလည်း ရှိထားပါတယ်”ဟု စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ဆိုသည်။

ပြိုင်ပွဲဝင်ကြမည့် ယိမ်းအဖွဲ့များအနေဖြင့် အနည်းဆုံး ၁၂ ဦးခန့် တူညီဝတ်စုံများဖြင့် ကပြသွားရမည်ဖြစ်ကာ ပထမဆု သိန်း ၂၀၊ ဒုတိယဆု ၁၅ သိန်း၊ တတိယဆု ၁၂ သိန်းနှင့် အထူးဆု ခုနစ်ဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ယိမ်းအကပြိုင်ပွဲတွင် ယှဉ်ပြိုင်လိုသူများအနေဖြင့် ပြိုင်ပွဲဝင်ပုံစံများကို မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာနသို့ မတ် ၂၅ ရက်မှစတင်ထုတ်နိုင်ပြီး ကပြမည့်သီချင်း စာသားပူးတွဲ၍ ဧပြီ ၈ ရက်နောက်ဆုံးထား ပြန်လည်ပေးပို့ရမည်ဟု သိရသည်။

 

Most Read

Most Recent