ဦးခေါင်းဒဏ်ရာရခဲ့သည့် နာပိုလီဂိုးသမား အော့စ်ပင်နာ ဆေးရုံမှပြန်ဆင်း

ဦးခေါင်းဒဏ်ရာရခဲ့သည့် နာပိုလီဂိုးသမား အော့စ်ပင်နာ ဆေးရုံမှပြန်ဆင်း
Photos : AFP
Photos : AFP
Published 19 March 2019

နာပိုလီအသင်းဂိုးသမား အော့စ်ပင်နာသည် ကုသမှုခံယူခဲ့ပြီးနောက် ဆေးရုံမှပြန်ဆင်းခဲ့ကြောင်း အသင်းမှ အတည်ပြုသတင်းထုတ်ပြန်ခဲ့သည်။

ကိုလံဘီယာလက်ရွေးစင်ဂိုးသမား အော့စ်ပင်နာသည် အူဒီးနီးစ်အသင်းအား  (၄-၂)ဂိုးဖြင့် အနိုင် ရသည့်ပွဲတွင် ဦးခေါင်းဒဏ်ရာရရှိခဲ့ပြီးနောက် ကွင်းအတွင်းလဲကျနေသည့်အတွက် နီးစပ်ရာဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့ကာ ဆေးကုသမှုခံယူခဲ့ရသည်။ 

အာဆင်နယ်အသင်းမှ အငှားလာရောက်ကစားနေသည့် အသက် (၃၀)နှစ်အရွယ်ရှိ  အော့စ်ပင်နာသည် ပွဲအစ (၇)မိနစ်မှာပင် အူဒီးနီးစ်တောင်ပံကစားသမား ပူဆက်တိုနှင့်ထိခိုက်မိကာ ဦးခေါင်းဒဏ်ရာရရှိခဲ့ပြီးနောက် ဆေးကုသမှုခံယူကာ ဆက်လက်ပါဝင်ကစားခဲ့သော်လည်း ပထမပိုင်းပြီးခါနီးတွင်မူ ကွင်း

အတွင်း လဲကျခဲ့ခြင်းဖြစ်သည်။ 

'' ဒေးဗစ်အော့စ်ပင်နာဟာ ဒီနေ့မွန်းလွဲပိုင်းမှာ Pineta Grande ဆေးရုံကနေ ပြန်ဆင်းခဲ့ပါတယ်။ စစ်ဆေးမှုတွေအရတော့ ဘာမှ ပြဿနာမရှိပါဘူး။ ကစားသမားအနေနဲ့ ရက်အနည်းလောက် အနားယူဖို့တော့လိုပါတယ်'' ဟု နာပိုလီအသင်း၏ မတ်လ(၁၈)ရက် ညပိုင်းသတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဇနီးဖြစ်သူ ဂျက်ဆီကာစတာလင်ကလည်း အော့စ်ပင်နာမှာ နေအိမ်တွင် အနားယူနေပြီး ပိုမိုသက်သာလာပြီဟု Instagram တွင် ရေးသားခဲ့သည်။

ယင်းအတွက်ကြောင့် အော့စ်ပင်နာသည် ကိုလံဘီယာအသင်း ကစားမည့် ဂျပန်၊ တောင်ကိုရီးယားတို့နှင့် နိုင်ငံတကာခြေစမ်းပွဲများကို လွဲချော်ခဲ့ရပြီဖြစ်သည်။

Most Read

Most Recent