FA ဖလား ဆီမီးတွင် မန်စီးတီး-ဘရိုက်တန်၊ ဝက်ဖို့ဒ်-ဝုလ်ဗ်တွေ့ဆုံ

FA ဖလား ဆီမီးတွင် မန်စီးတီး-ဘရိုက်တန်၊ ဝက်ဖို့ဒ်-ဝုလ်ဗ်တွေ့ဆုံ
Photo: Getty Images
Photo: Getty Images
Published 18 March 2019

FA ဖလား ကွာတားဖိုင်နယ်ပွဲစဉ်များ အပြီး မတ် ၁၇ ရက် ညပိုင်းတွင် ဆီမီးဖိုင်နယ် ပွဲစဉ်များကို မဲနှိုက်ရေးဆွဲခဲ့ကြောင်း သိရ သည်။

မဲနှိုက်ရေးဆွဲမှုကို ချယ်လ်ဆီးအသင်း တိုက်စစ်မှူးဟောင်း ဟက်ဆယ်ဘိန့်ခ်နှင့် အဲ ဗာတန်အသင်းကွင်းလယ်လူဟောင်း အော့စ်မန်တို့က ရွေးချယ်ပေးခဲ့ခြင်းဖြစ်ပြီး ရေပန်းစားနေသည့် မန်စီးတီးအသင်းက ဘရိုက်တန် နှင့်လည်းကောင်း၊ ဝက်ဖို့ဒ်က ဝုလ်ဗ်အသင်း နှင့်လည်းကောင်း ဆုံတွေ့နေသည်။ 

မန်စီးတီး နှင့် ဘရိုက်တန်နှစ်သင်းစလုံးသည် ကွာတား ဖိုင်နယ်တွင် နှစ်ဂိုးအရှုံးရလဒ်အား နောက်မှ လိုက်ကစား၍ ဆီမီးဖိုင်နယ်တက်ရောက်လာ ခြင်းဖြစ်သည်။ 

ကွာတားတွင် မန်ယူအသင်းကို အနိုင်ရခဲ့သည့် ဝုလ်ဗ်အသင်းမှာလည်း ဝက်ဖို့ဒ်နှင့် ပွဲကျပ်ထပ်မံကစားရမည်ဖြစ်သည်။ 

ဆီမီးပွဲများကို ဧပြီ ၆၊ ၇ ရက်တွင် ဝင်ဘလေ ကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ဆီမီးဖိုင်နယ်ပွဲစဉ်များ (၆/၇-၄-၂၀၁၉)

ဝက်ဖို့ဒ်    -    ဝုလ်ဗ်

မန်စီးတီး    -    ဘရိုက်တန်

Most Read

Most Recent