မန်ယူကိုအနိုင်ကစားပြီး FA ဖလား ဆီမီးဖိုင်နယ်တက်ခဲ့တဲ့ ဝုလ်ဗ်

မန်ယူကိုအနိုင်ကစားပြီး FA ဖလား ဆီမီးဖိုင်နယ်တက်ခဲ့တဲ့ ဝုလ်ဗ်
Photos: PA, Getty Images & Reuters
Photos: PA, Getty Images & Reuters
Published 17 March 2019

■ ဝုလ်ဗ် ၂-၁ မန်ယူ

FA ဖလားကွာတားဖိုင်နယ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဝုလ်ဗ်နဲ့ မန်ယူပွဲမှာတော့ ဝုလ်ဗ်အသင်းက အိမ်ကွင်းမှာ မန်ယူအသင်းကို (၂-၀)ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ဝုလ်ဗ်အသင်းဟာ တိုက်စစ်မှာ ယိုတာနဲ့ ဂျင်မီနက်ဇ်ကို တွဲဖက်ပေးပြီး လူစုံနဲ့ ပွဲထွက်လာခဲ့သလို မန်ယူအသင်းမှာလည်း ရပ်ရှ်ဖို့ဒ်၊ မာစီယဲလ်၊ ပေါ့ဘာ၊ လင်ဂတ်၊ မာတစ်၊ ဟာရဲရားတို့နဲ့ လူစုံခဲ့ပါတယ်။

မန်ယူအသင်းဟာ ပွဲစကတည်းက ဘောလုံးပိုင်ဆိုင်မှုအသာ ရယူပြီး ကစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျစ်လျစ်လွန်းတဲ့ ဝုလ်ဗ်အသင်းရဲ့ ခံစစ်ကြောင့် မန်ယူတို့ အခက်တွေ့ခဲ့ရသလို၊ ဝုလ်ဗ်အသင်းရဲ့ တန်ပြန်တိုက်စစ်တွေကလည်း မန်ယူအသင်းကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။

မန်ယူအသင်းဟာ ပထမပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှုအသာရခဲ့ပေမယ့် ဝုလ်ဗ်အသင်းက ဂိုးသွင်းခွင့်တွေ ပိုမိုရရှိခဲ့တာပါ။ ဝုလ်ဗ်အသင်းက နေးဗက်စ်၊ ယိုတာတို့ရဲ့ ကန်ချက်တွေကို ဂိုးသမား ရိုမဲရိုး ကာကွယ်နိုင်ခဲ့လို့သာ မန်ယူတို့ ပထမပိုင်းမှာ ဂိုးမပေးခဲ့ရတာပါ။

ဒုတိယပိုင်းအစမှာလည်း မန်ယူကပဲ ကစားကွက်အသာစီးရခဲ့ပေမယ့် ဂိုးကန်သွင်းခွင့်မယ်မယ်ရရ မရှိခဲ့ပါဘူး။ ရပ်ရှ်ဖို့ဒ်အခွင့်အရေးတစ်ကြိမ်ရခဲ့ပေမယ့် ဘေးထွက်သွားခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ဝုလ်ဗ်အသင်းက အခွင့်အရေးတွေ တောက်လျှောက်ရရှိခဲ့ပါတယ်။ မော်တင်ဟိုရဲ့ ကန်ချက်ကို ရိုမဲရိုးကာကွယ်နိုင်ခဲ့ပေမယ့် ပွဲချိန်မိနစ် (၇၀) မှာတော့ ဝုလ်ဗ်တိုက်စစ်မှူး ဂျင်မီနက်ဇ်က မန်ယူကစားသမားတွေ တားဆီးနေတဲ့ကြားကနေ ဝုလ်ဗ်အတွက် အဖွင့်ဂိုးသွင်းယူခဲ့ပါတယ်။ 

ဒီဂိုးဟာ ဂျင်မီနက်ဇ်အတွက် ဒီရာသီပြိုင်ပွဲစုံမှာ (၁၅) ဂိုးမြောက် သွင်းဂိုးလည်း ဖြစ်ပါတယ်။

ဂိုးပေးလိုက်ရပြီးနောက် မန်ယူတို့ တိုက်စစ်ဖွင့်ဖို့ ကြိုးစားခဲ့ပေမယ့် နောက် (၆) မိနစ်အကြာ ပွဲချိန် (၇၆) မိနစ်မှာပဲ ဝုလ်ဗ်အသင်းကို ဒုတိယဂိုးပေးလိုက်ရပြန်ပါတယ်။ ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ နေးဗက်စ် ပေးပို့တာကို ယိုတာက သွင်းယူခဲ့တာပါ။

အဲဒီနောက်ပိုင်းမှာတော့ မန်ယူအသင်းဟာ မာတာကို ထည့်သွင်းပြီး ချေပဂိုးတွေရဖို့ တိုက်စစ်ဖွင့်ကစားခဲ့ပါတယ်။ ဒါကြောင့် မန်ယူအသင်းဟာ ဂိုးသွင်းခွင့်တွေ ရရှိလာခဲ့ပြီး နာကျင်အချိန်ပိုမှာတော့ လူငယ်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ် လုခ်ရှောရဲ့ ပေးပို့မှုကနေ ချေပဂိုးတစ်ဂိုး သွင်းယူခဲ့ပါတယ်။

ဒါပေမဲ့ ရပ်ရှ်ဖို့ဒ်ရဲ့ ချေပဂိုးဟာ မန်ယူအသင်းအတွက် နောက်တစ်ဆင့်မလုံလောက်ခဲ့ဘဲ ပွဲအပြီးမှာ ဝုလ်ဗ်အသင်းက မန်ယူအသင်းကို (၂-၁) ဂိုးနဲ့ အနိုင်ယူကာ ဆီမီးဖိုင်နယ် တက်ရောက်သွားနိုင်ခဲ့ပါတယ်။



■ ယနေ့ကစားသည့် ဥရောပပွဲစဉ်များ ရလဒ်

ပရီးမီးယားလိဂ်

ဘုန်းမောက် ၂-၂ နယူးကာဆယ်

ဘန်လေ ၁-၂ လက်စတာ

ဝက်စ်ဟမ်း ၄-၃ ဟတ်ဒါဖီးလ်

 

FA ဖလားကွာတားဖိုင်နယ်

ဝက်ဖို့ဒ် ၂-၁ ခရစ္စတယ်ပဲလေ့စ်

ဆွမ်ဆီး ၂-၃ မန်စီးတီး

ဝုလ်ဗ် ၂-၁ မန်ယူ

လာလီဂါ

ဟူဆကာ ၁-၃ အလာဗတ်စ်

ရီးယဲလ်မက်ဒရစ် ၂-၀ ဆယ်လ်တာဗီဂို

ဘီလ်ဘာအို ၂-၀ အက်သလက်တီကို

လီဟာနက်စ် ၀-၂ ဟီရိုနာ

စီးရီးအေ

ဆာဆူအိုလို ၃-၅ ဆမ်ဒိုးရီးယား

SPAL ၂-၁ ရိုးမား

တိုရီနို ၂-၃ ဘိုလော့ဂ်နာ

ဘွန်ဒစ်လီဂါ

ရှော်လ်ကေး ၀-၁ လိုက်ပ်ဇစ်

စတုဂတ် ၁-၁ ဟော်ဖန်ဟင်မ်

အော့စ်ဘတ် ၃-၁ ဟန်နိုဗာ

ဝုလ်ဖ်ဘတ် ၅-၂ ဒစ်ဆယ်ဒေါ့ဖ်

ဟာသာဘာလင် ၂-၃ ဒေါ့မွန်

လီဂူး

အန်ဂါစ် ၀-၀ အာမီယန်စ်

ကိန်း ၀-၅ စိန့်အက်တီယန်

ဂူအင်ဂမ့် ၁-၀ ဒီယွန်း

နီးစ် ၂-၂ စထရာဘိုး



လိဂ်ချန်ပီယံရှစ်

လိဒ်စ် ၀-၁ ရှက်ဖီးယူနိုက်တက်

အက်စတွန်ဗီလာ ၃-၀ မစ်ဒယ်ဘရော့

ဘရန့်ဖို့ဒ် ၀-၁ ဝက်စ်ဘရွန်း

ဟားလ်စီးတီး ၂-၂ QPR

အစ်ဝစ်ချ် ၁-၁ နော်တင်ဟမ်

ပရက်စတန် ၁-၀ ဘာမင်ဂမ်

ရော့သာဟမ် ၁-၂ နောဝစ်ချ်

ရှက်ဖီးဝင်းစ်ဒေး ၄-၂ ဘလက်ဘန်း

စတုတ်စီးတီး ၀-၀ ရက်ဒင်း

ဝီဂန် ၅-၂ ဘော်လ်တန်

Most Read

Most Recent