အင်တာမီလန်အသင်းတိုက်စစ်မှူး အီကာဒီ၏ဇနီးဖြစ်သူ ဝန်ဒါနာရာက ခင်ပွန်း ဖြစ်သူအား ရီးယဲလ်အသင်းက မခေါ်ယူခြင်း မှာ မိမိကြောင့်မဟုတ်ကြောင်း ငြင်းဆန် ပယ်ချသည်။
ဝန်ဒါနာရာသည် အီကာဒီ၏အေးဂျင့် အဖြစ်လည်း ဆောင်ရွက်လျက်ရှိပြီး အင်တာ မီလန်အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးမှုမှာ သဘောတူညီမှုမရဘဲ ပျက် ပြယ်ရန် နီးစပ်နေသည်။
၎င်းအား ရီးယဲလ်၊ ချယ်လ်ဆီး စသည့် ဥရောပထိပ်တန်းကလပ် များက ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းထွက်ပေါ်လျက်ရှိသော်လည်း စပိန် အခြေစိုက် AS သတင်းစာက ရီးယဲလ်အနေဖြင့် အီကာဒီအပေါ်စိတ်ဝင်စားမှု ရပ်ဆိုင်း လိုက်ပြီဖြစ်ကြောင်း၊ ရီးယဲလ်အသင်းသည် ဝန်ဒါနာရာနှင့် အပြောင်းအရွှေ့ကိစ္စမဆွေး နွေးလိုသဖြင့် ယင်းကဲ့သို့ ဆုံးဖြတ်ခြင်းဖြစ် ကြောင်း ဖေဖော်ဝါရီ ၁၆ ရက်တွင် ဖော်ပြ သည်။
ယင်းသတင်းနှင့်ပတ်သက်၍ ဝန်ဒါ နာရာက ''ရီးယဲလ်မက်ဒရစ်နဲ့သတင်းက လုံးဝမမှန်ပါဘူး။ သူတို့တွေက ဂျူဗင်တပ်စ် လိုပဲ ကျွန်မကို လူလိမ်တစ်ယောက်လိုမျိုး ဆက်ဆံနေကြတယ်''ဟု Twitter မှတစ်ဆင့် တုံ့ပြန်ပြောကြားသည်။
ထို့ပြင် နွေရာသီတွင် ဂျူဗင်တပ်စ် အသင်းက အီကာဒီအား ခေါ်ယူရန် စိတ်ဝင် စားခဲ့ကြောင်း ပြောကြားစဉ်ကလည်း အလား တူ တုံ့ပြန်ခံရဖူးကြောင်း ၎င်းင်းက ဆက်လက် ပြောကြားသည်။
''အချိန်က သက်သေပြပါ လိမ့်မယ်။ J နဲ့စတဲ့ အီတလီကလပ်အသင်းတစ်သင်းက တော်တော်စိတ်ဝင်စားနေတယ် လို့ ကျွန်မပြောတုန်းကလည်း သူတို့က လူလိမ် တစ်ယောက်လို တုံ့ပြန်ခဲ့ကြတယ်။ တစ်လ လောက်လည်းကြာရော သူတို့ရဲ့အားကစား ဒါရိုက်တာက ပြန်ဝန်ခံသွားတယ်''ဟု ဝန်ဒါ နာရာက ရေးသားထားသည်။
သို့သော် ၎င်းသည် ဖေဖော်ဝါရီ ၁၆ ရက် ညပိုင်းတွင် ယင်း စာများအား ပြန်လည်ဖျက်ပစ်ခဲ့ကြောင်း သိရ သည်။
အီကာဒီ (၂၅ နှစ်) သည် ယခုရာသီ တွင် ပြိုင်ပွဲစုံ ၂၈ ပွဲကစား ၁၅ ဂိုးသွင်းယူပေး ထားသော်လည်း စာချုပ်ကိစ္စဆွေးနွေးမှု ကြန့် ကြာခြင်းအပါအဝင် ခြေစွမ်းပြနိုင်ရန် ရုန်း ကန်နေရသဖြင့် အသင်းခေါင်းဆောင်ရာထူး ရုပ်သိမ်းခံထားရသည်။