ဆော်ဒီအာရေဗျနိုင်ငံ၏ အိမ်ရှေ့မင်း သား မိုဟာမက်ဘင်ဆယ်လ်မန်သည် မန်ယူအသင်းအား ပေါင် ၃ ဒသမ ၈ ဘီလျံဖြင့် ဝယ်ယူရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ဗြိတိန်သတင်း ဌာနများက ဖေဖော်ဝါရီ ၁၇ ရက်တွင် ရေး သားဖော်ပြသည်။
ဘင်ဆယ်လ်မန်အပါအဝင် ဆော်ဒီ တော်ဝင်မိသားစု၏ ပိုင်ဆိုင်မှုမှာ ပေါင် ၈၅၀ ဘီလျံအထိရှိပြီး လာမည့်ရာသီမစတင်မီ ဝယ်ယူခွင့်ရရန် ကြိုးပမ်းမည်ဖြစ်ကြောင်း သိရသည်။
မန်ယူအသင်းအနေဖြင့် ဆော်ဒီ နိုင်ငံ၌ လေ့ကျင့်မှုအစီအစဉ်များသွားရောက် ပြုလုပ်ခဲ့ပြီးနောက် ဝယ်ယူရန် ကမ်းလှမ်းမှု ရရှိခြင်းဖြစ်ကြောင်း The Sun သတင်းစာက ဖော်ပြသည်။
ဘင်ဆယ်လ်မန်သည် ပြီးခဲ့ သည့်နှစ်တွင်လည်း မန်ယူအသင်းအား ဝယ် ယူရန် ကြိုးပမ်းလျက်ရှိကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး အသင်းပိုင်ရှင် ဂလေဇာမိသား စုက ရောင်းချလိုခြင်းမရှိသဖြင့် ငြင်းဆန်ခဲ့ ကြောင်း မန်ယူအသင်းနှင့်နီးစပ်သည့် သတင်း ရင်းမြစ်များက ပြောကြားသည်။
သို့ဖြစ်ရာ ဘင်ဆယ်လ်မန်အနေဖြင့် ယခုနှစ်နွေရာသီ တွင် ထပ်မံကြိုးပမ်းရန် ပြင်ဆင်နေခြင်းဖြစ် ပြီး ရာသီကုန်၌ ချန်ပီယံလိဂ်ဝင်ခွင့်ရမည့် အချက်အပေါ်လည်း မူတည်ကြောင်း Daily Mail သတင်းဌာနက ဖော်ပြသည်။
မန်ယူ အသင်းပိုင်ရှင် အမေရိကန်သူဌေး ဂလေဇာ မိသားစုသည် ၂၀၀၃ ခုနှစ်တွင် မန်ယူအသင်း အား ပေါင်သန်း ၇၉၀ ဖြင့် လွှဲပြောင်းဝယ်ယူ ခဲ့ခြင်းဖြစ်ပြီး ဘင်ဆယ်လ်မန်၏ ပေါင် ၃ ဒသမ ၈ ဘီလျံဖြင့် ကမ်းလှမ်းမှုကို လက်ခံ ပါက ပေါင် ၂ ဒသမ ၂ ဘီလျံ အမြတ်ရရှိမည် ဖြစ်သည်။
ဂလေဇာမိသားစုသည် မန်ယူအသင်း ပရိသတ်များ၏ ဆန့်ကျင်ဆန္ဒပြမှုများ ရင် ဆိုင်ခဲ့ရသော်လည်း ၎င်းင်းတို့ဝယ်ယူပြီးနောက် ၁၆ နှစ်အတွင်း ပရီးမီးယားလိဂ်ချန်ပီယံ ငါး ကြိမ်၊ ချန်ပီယံလိဂ်ဖလား တစ်ကြိမ်၊ ယူရိုပါ လိဂ်ဖလား တစ်ကြိမ်၊ FA ဖလား နှစ်ကြိမ်နှင့် လိဂ်ဖလား လေးကြိမ် ဆွတ်ခူးရယူနိုင်ခဲ့သည်။
မန်ယူအသင်း၏ မြို့ခံပြိုင်ဘက် မန်စီးတီး အသင်းကိုလည်း ယူအေအီးတော်ဝင်မိသားစု ဝင်ဖြစ်သည့် ရှိတ်မန်ဆော်က ပိုင်ဆိုင်ထား ခြင်းဖြစ်သည်။